ပြည်သူလိုလားလျှင် သမ္မတတာဝန်ယူမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

October 8, 2012

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးပါတီတခု၏ ခေါင်းဆောင် တဦးအနေဖြင့် ပြည်သူလူထု လိုလားလျှင် သမ္မတအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို ဆက်လက် ကြိုးပမ်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ယနေ့ နံနက်က ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ကျင်းပပြုလုပ်သော အမေရိကန် ပြည်ထောင်စုခရီးစဉ် ဆိုင်ရာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
Read more of this post

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံရောက်

ဒေါ်ခင်မျိုးသက်
17.09.2012

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုခရီးစဉ်ထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ မြန်မာ နိုင်ငံအတွက် ပညာရေး ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို အကျယ်တဝင့် ဆွေးနွေးဖြစ်လိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေး ပြောခွင့်ရပုဂ္ဂိုလ်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ထပ်ပြီး လွှတ်ပေးလိုက် တယ်ဆိုတာနဲ့ ပတ်သက်လို့တော့ ဘယ်နှစ်ယောက်ပါတယ်။ ဘယ်သူတွေပါတယ်ဆိုတာ အတိအကျ စိစစ်ရဦးမယ်လို့ ဆိုပါတယ်။ အသေးစိတ်ကိုတော့ ဒေါ်ခင်မျိုးသက်က ပြောပြပေးထားပါတယ်။ Read more of this post

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် စတင်

2012-09-16

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ ကွန်ဂရက်ရဲ့ ရွှေတံဆိပ်ဆုကို လက်ခံရယူဖို့ အတွက် ဒီကနေ့ ည (၇) နာရီ မိနစ် (၄၀) မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၁၆) ရက်ကြာ အမေရိကန် ပြည်ထောင်စုခရီးစဉ်အတွင်း နာမည်ကျော်တက္ကသိုလ်တွေကို သွားရောက် လေ့လာဖို့ရှိတဲ့အပြင် မြန်မာ မိသားစု အသိုင်းအဝိုင်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက RFA ကိုပြော ပါတယ်။ Read more of this post