သမ္မတကို ထောက်ခံ၊ OIC ရုံးအား ကန့်ကွက်ခဲ့သည့် စစ်တွေ ဆန္ဒထုတ်ဖော်ပွဲ

ထွန်းနေအောင်(မြစ်မခ)
9 Oct, 2012

အောက်တိုဘာလ(၉)ရက်နေ့ နေ့လည်(၂း၀၀)နာရီဝန်းကျင်က OIC ရုံး လာရောက်ဖွင့်လှစ်မည်ကို မကျေနပ်၍ ရခိုင်ပြည်နယ် စစ်တွေမှ ရဟန်းရှင်လူပြည်သူများ ပူးပေါင်းကာ ဘင်္ဂလားဒေရှ့်ကောင်စစ် ၀န်ရုံးရှေ့တွင်ဆန္ဒထုတ်ဖော်မှုတစ်ရပ်   ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ရဟန်းသံဃာတော်(၃၀၀၀)ထောင်ကျော်၊ ပြည်သူပရိသတ် သောင်းဂဏန်းပါဝင်ခဲ့ပြီး စစ်တွေမြို့ရှိ အောင်မြေဘော လုံးကွင်းမှ စတင်ထွက်ခွာခဲ့ခြင်းဖြစ်သည်။
Read more of this post

လက်တုန့်ပြန်မှု မပြုသင့်ကြောင်း ရခိုင်တိုင်းရင်းသား ဝန်ကြီးပြော

မေသဇင်
အောက်တိုဘာလ ၀၈ ရက် ၂၀၁၂ ခုနှစ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းရှိ ဗုဒ္ဓသာသနိက အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သော ဖြစ်ရပ်အတွက် မြန်မာနိုင်ငံမှ ရဟန်း သံဃာနှင့် လူပုဂ္ဂိုလ်များက ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဆန္ဒပြပွဲ များ ထပ်မံဖြစ်ပွားနေရာ ဘာသာရေး၊ လူမျိုးရေး လက်စားချေမှုများကိုမူ မပြုသင့်ကြောင်း ရန်ကုန်တိုင်းရှိ ရခိုင် တိုင်း ရင်းသား ဝန်ကြီး ဦးဇော်အေးမောင် က ပြောဆိုလိုက်သည်။

“ဘင်္ဂလားဒေရှ်မှာ ဖြစ်သွားတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး အထူးဝမ်းနည်းပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့လည်း ဒီကိစ္စနဲ့ ပတ်သတ် လို့ တတ်နိုင်သလောက် လုပ်ပေး နေတာတွေ ရှိပါတယ်။ ခုလိုဆန္ဒပြတာက International pressure (နိုင်ငံတကာ ဖိအား) ဖြစ်စေတာပေါ့။ သူတို့လည်း ဒီမိုကရေစီနိုင်ငံပဲလေ။ ကျနော့် အနေနဲ့ ဆန္ဒပြသူတွေကို ဥပဒေဘောင်တွင်းကတော့ လုပ် စေချင်တယ်။ ပြီးတော့ ဒီကိစ္စကို ဒီလောက်နဲ့ ပြီးသွားစေချင်တယ်။ လက်စားချေတာက ၂၁ ရာစုမှာ မရှိတော့ ပါဘူး” ဟု ဝန်ကြီး က ဆိုသည်။
Read more of this post

OIC ရုံးဖွင့်မည်ကို ရခိုင်လူထု မလိုလား

ခင်ဦးသာ
October 8, 2012

အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအသင်း OIC ရုံးကို ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် ကြိုးပမ်းနေခြင်းအား ရခိုင်ပြည်သူအများစု က ကန့်ကွက်ကြောင်း သိရသည်။

မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှ ဆရာတော် ဦးမဏိစာရ က ဧရာဝတီကို “စစ်တွေနဲ့ ရခိုင်ပြည်တွင်းက ဘယ်နေ ရာမှာပဲ ဖြစ်ဖြစ်ဖွင့်ဖို့ ကိစ္စကန့်ကွက်တယ်၊ အလားတူပဲ မြန်မာနိုင်ငံရဲ့ တခြားဒေသတွေမှာ ဖွင့်ခွင့်ပေးမယ်ဆိုရင် လည်းပဲ သဘော မတူဘူး”ဟု မိန့်သည်။
Read more of this post

ဘုန်းကြီးကျောင်းများကို ကာကွယ်ပေးရန် မြန်မာ နစက ဘင်္ဂလားဒေ့ရှ်ကို တောင်းဆို

ငြိမ်းချမ်း
October 8, 2012

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်တရိုဘန်ခရိုင်၊ နတ်ကျောက်စရီမြို့နယ်ရှိ ဒူဆိုးရီကျေးရွာ စာသင်ကျောင်းတွင် ယမန်နေ့က ကျင်းပသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံ နယ်ခြားစောင့်တပ် အစည်းအဝေးတွင် ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်းများကို အကာအကွယ်ပေးရန် မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ကို တောင်းဆိုလိုက် သည်။

နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ ကျင်းပသည့် ယင်းအစည်းအဝေးတွင် ဘင်္ဂါလီများ တရားမဝင် သွားလာနေမှုများကို ပူးပေါင်း တားဆီးရေးအပြင် ဘုန်း ကြီးကျောင်းများ အကာအကွယ်ပေးရေး ကိစ္စကိုပါ ထည့်သွင်းဆွေးနွေးခြင်း ဖြစ်ကြောင်း ယင်းအစည်း အဝေးသို့ တက်ရောက်ခဲ့သည့် ဒူဆိုးရီ ရွာသူကြီး ဦးမောင်နုက ဧရာဝတီသို့ ပြောသည်။
Read more of this post

ရခိုင်အမျိုးသမီးများ၏ငြိမ်းချမ်းစွာလှည့်လည်ခွင့် ကောလဟာလကြောင့် (၂)ပတ်ရွှေ့ဆိုင်းခံရ

မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)
1 Oct, 2012

ရခိုင်အမျိုးသမီးနှစ်ရာခန့်က စစ်တွေမြို့တွင် ပြုလုပ်မည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခွင့်ကို စက်တင်ဘာလ (၃၀) ရက်နေ့တွင် ပြုလုပ်ရန်စီစဉ် ထားသော်လည်း သက်ဆိုင်ရာမှ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ဆန္ဒဖော်ထုတ်ရေးတွင် ဦးဆောင်သူ ဒေါ်ညိုအေးထံက သိရသည်။

ရခိုင်အမျိုးသမီးများ၏ ဘဝလုံခြုံမှုနှင့် ရခိုင်လူမျိုးတို့၏ ဘဝလုံခြုံမှုရှိစေရေးစသည့် ရွယ်ရည်ချက်များဖြင့်  ရခိုင်အမျိုးသမီးများက စက်တင်ဘာလ(၃၀)ရက်နေ့လည်ပိုင်း၌ စစ်တွေမြို့တွင် ပြုလုပ်ရန် စီစဉ်ထားရှိရာမှ ယခုကဲ့သို့ ရက်ရွှေဆိုင်းခံရခြင်းဖြစ်သည်။
Read more of this post

မြန်မာ အဓိကရုဏ်းပုံများ ဝဘ်ဆိုက်တင်၍ အိန္ဒိယ ကျောင်းဆရာတဦး ဖမ်းဆီးခံရ

စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ်

အိန္ဒိယ အရှေ့မြောက် ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာ စေရန် လံှု့ဆော်မှု ဖြစ်စေခဲ့သည့် “၂ဝ၁၂ မြန်မာပြည် အဓိကရုဏ်း ရင်ဖိုဖွယ် ပုံများ” Burma Riots Thrilling Pictures 2012 အား အင်တာနက် ဝဘ်ဆိုက်တခုပေါ် လုပ်ကြံဖန်တီး၍ တင်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် အိန္ဒိယနိုင်ငံ၊ မုံဘိုင်းအခြေစိုက် ကျောင်းဆရာ တဦးအား အိန္ဒိယ သတင်းဆက်သွယ်ရေးဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

“ကျောင်းဆရာ ရှရစ် အာမဒ် ဘရှီး ဆီဒီကီ Sharif Ahmed Bashir Siddiqui ဟာ သူ့အိမ်က ကွန်ပျူတာကနေ ဒါတွေ ကို အင်တာနက်ပေါ် တင်နေတာ ဖြစ်တယ်” ဟု ဒု-ရဲမင်းကြီး ဆန်ဂျေး ရှင်ဒေး Sanjay Shinde အား ကိုးကား၍ ပီတီအိုင် သတင်းတရပ်တွင် ဖော်ပြထားသည်။ Read more of this post

စစ်တွေထောင်မှ ပုဒ်မ(၁၄၄)ပြစ်ဒဏ်ကျခံရသူများနှင့် နိုင်ငံခြားသားတစ်ရာကျော် လွတ်မြောက်

မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
19 Sep, 2012

ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၁၄) ဦးကို နိုင်ငံတော်သမ္မတ အမိန့်ဖြင့် လွတ်ငြိမ်းချမ်း သာခွင့်ပြုလိုက်ကြောင်းသိရသည်။

၎င်းအနက် မြန်မာ့ရေပိုင်နက်သို့ တရားမဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၊ ထိုင်းနိုင်ငံသားများလည်းပါဝင်သည်။

၎င်းတို့မှာ ဇူလိုင်လ (၂၀)ရက်နေ့က မြန်မာရေပိုင်နက်သို့ စက်လှေဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်(ရေ)မှ ဖမ်းမိခဲ့ရာ အဆိုပါ ဘင်္ဂလား ဒေ့ရှ် နိုင်ငံသားနှင့် ထိုင်းနိုင်ငံသားအား ၁၉၄၇ ခုနှစ်လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဌာန်းချက် ပုဒ်မ(၁၃)(၁) အရအရေးယူခဲ့ခြင်း   ဖြစ်သည်။ Read more of this post

ရခိုင်ပြည်သူများအတွက်ဆေးကုသခြင်းနှင့်ထောက်ပံ့မှုများဆောင်ရွက်

ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူ များနှင့် ဒုက္ခသည် စခန်းများရှိ ဒုက္ခသည် များအား လိုအပ်သည့် အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ပေး အပ်ခြင်းနှင့် ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များကို တပ်မတော် ဆေးတပ်ဖွဲ့၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနတို့မှ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်း ဆေးကု သခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။

Read more of this post

ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင် ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ကျင်းပ

2012-09-17

နိုင်ငံတော် သမ္မတရုံးရဲ့ ညွှန်ကြားချက်နဲ့ ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ်က ချက်ထရီယံဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲကို ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်၊ အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်၊ အဖွဲ့ဝင်တွေထဲက ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင် ဦးကိုကိုကြီး၊ သတင်းစာဆရာ မောင်ဝံသ ခေါ် ဦးစိုးသိမ်း၊ အနုပညာရှင် ဦးသူရနဲ့ ပါမောက္ခ ဒေါက်တာ ရင်ရင်နွယ်တို့ တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ် ဖြစ်ရပ်တွေဟာ ချက်ချင်းဖြေရှင်းလို့ မရတဲ့ ပြဿနာဖြစ်တဲ့အပြင် နိုင်ငံတကာက လက်ခံနိုင်တဲ့ အဖြေတစ်ရပ်ကို ရှာဖွေနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။ Read more of this post