ကထစမှူးက တပ်တွင်း ဘာသာရေး၊ လူမျိုးရေးခွဲခြားဆက်ဆံမှု ပြသ

November 13th, 2012

နိုဝင်ဘာလ ၄ ရက်နေ့ကတည်းက ချင်းပြည်နယ်အတွင်း ရောက်ရှိနေသည့် ကာကွယ်ရေးဝန်ကြီး ဌာန၊ စစ်ဆင်ရေး အထူးအဖွဲ့(၁) ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် နိုဝင်ဘာ ၇ ရက်နေ့ ဟားခါး မြို့ရောက် ရှိစဉ်အတွင်း တပ်တွင်းကန့် တောပွဲတွင် ဗုဒ္ဒ နှင့် ခရစ်ယာန် ဘာသာဝင်များအပေါ် ခွဲခြားဆက်ဆံမှု ပြသလိုက်သည်ဟု သိရသည်။

ဖြစ်စဉ်မှာ ကထစမှူးသည် ဟားခါးမြို့ရောက်ရှိစဉ် တပ်တွင်း ဗုဒ္ဒဘာသာဝင်မိသားစုများက ကန့်တော့ ခဲ့သလို တပ်တွင်း ခရစ်ယာန်ဘာသာဝင်မိသားစုများကလည်း ကန့်တောပွဲပြုလုပ်ခဲ့ကြ ရာ ဗုဒ္ဒ ကျင့်ထုံးအတိုင်း လက်အုပ်ချီ ဦးညွတ်မကန့် တော့သည်ကို အင်မတန်ဒေါသထွက်ခဲ့သည်။ Read more of this post

စော်ဘွားအဆက်ဆက်နှင့် ၄င်းတို့၏ လုပ်ဆောင်ချက်များ

မင်းတုန်းမင်းတရားလက်ထက် “ခွန်ကျန်” ပုန်ကန်ထကြွသောကြောင့် ရာထားမှချပြီး “ အောင်ဆာ” ကို စော်ဘွားခန့်ထားလေသည်၊ စော်ဘွားရာထူးကျ “ခွန်ကျန်”သည် မန္တလေး၌အချုပ်ခံနေရစဉ် ကွယ်လွန်အနိစ္စရောက်လေသည်။ သက္ကရာဇ် ၁၂၃ဝ ပြည့်နှစ်၌ အောင်ဆာကို “ခွန်ကွန်း”က လုပ်ကြံ၍ စော်ဘွားရာထူးကိုလုယူပြီး မြန်မာဘုရင်ကို ပဏ္ဏာတော်များ နှစ်စဉ်ဆက်သွင်း၍ သင့်တင့်စွာအုပ်ချုပ်ကြပါသည်။
သက္ကရာဇ် ၁၂၃၉ခုနှစ် ၌ “ ခွန်ကွန်း”ကွန်လွန်၍ နောင်တော် “ခွန်ခမ်းမိန်” စော်ဘွားအဖြစ်ဆက်ခံရာ မြန်မာဘုရင်က နောင်အခါတွင် မြို့ရွာနယ်ပယ်အရေး မရှုပ်ထွေး စေရန်အတွက် စစ်ကဲကြီး ဦးဖဲနှင့် စော်ဘွားဆွေတော်မျိုးတော်ထဲမှ သုဓမ္မဆရာတော် ပလောင်ဘုန်းတော်ကြီးတပါးကို တွဲဖက်အုပ်ချုပ်စေလေသည်။
Read more of this post

စော်ဘွားနန်းတက်သည့် သမိုင်းကြောင်း

(တအာင်း) ပလောင်လူမျိုးတို့သည် အဦးအစ၌ အိန္ဒိယပြည်မြောက်ပိုင်း မစ္ဖျိမဒေသ ကသမ္မရတိုင်းတွင် နေထိုင်ခဲ့ကြသည်။ လူဦးရေများပြားလာသောအခါ အုပ်စုလိုက်ဖွဲ့ကာ ရေကြည်ရာမြက်နုရာသို့ လိုက်လံရှာဖွေ၍ မွန်ဂိုကုန်မြင့်ဒေသမှတဆင့် တရုတ်ပြည်ယူနန်နယ်ရှိ မှိုင်မောဝ်ခေါ် (ရွှေသွားနိုင်ငံ) သို့ရောက်ရှိ နေထိုင်ကြသည်၊ ရှေးက တန်မင်းဆက် ဘီစီ (၆၁၈-၉၀၇) လက်ထက်တွင် ရွှေလီမြစ်ဝှမ်းဒေသကို (ချင်ချီ) (သို့) ရွှေသွားနိုင်ငံ (သို့)မဟုတ် မှိုင်မောဝ်ဒေသ ဟုခေါ်ဆိုစမှတ်ပြုခဲ့ကြသည်။

ယခုသျှမ်းအခေါ် ယုန်ချန် ခေါ် ခိုင်နန်အရပ်များတွင် နေထိုင်ကြသူများသည် လှပတင့် တယ်ရန် အလို့ငှာ ရွှေပြားကို သွားတွင်တပ်ဆင့်လေ့ရှိသူများ နေထိုင်ခဲ့ ခြင်းဖြစ်သည်။ သွားတွင်ရွှေသွားတပ်ဆင်ပြီးမှသာ ဧည့်ပရိတ်သတ်များကို ကြိုဆိုဧည့်ခံလေ့ရှိသည်။ ထိုအလေ့ အထရှိ သူများကို မူလအားဖြင့် သြစ ထရစ်ဘာသာစကားပြောသူများက (ပေါ်လောင်) ခေါ် ပလောင် (ရိအာင်း) ၀တို့၏ အနွယ်အဆက်များဟု ခေါ်ခဲ့ကြသည်။
Read more of this post

ပလောင်အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှု နှင့် အမျိုးသားတော်လှန်ရေး ပေါ်ပေါက်လာပုံ

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ဒုတိယ ကမ္ဘာစစ်အပြီး မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တိုင်းရင်းသားများ သွေးစည်းညီညွတ်ရေး တည်ဆောက် နိုင်ရန်အတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရှမ်းပြည်စော်ဘွားများကောင်စီ ဥက္ကဌ ပလောင်အမျိုးသား တောင်ပိုင်စော်ဘွားကြီး စ၀်ခွန်ပန်စိန်က တောင်တန်းနယ် ထိပ်တန်းခေါင်းဆောင်အဖြစ် စွမ်းစွမ်းတမံ ဦးဆောင်ကြိုးပမ်းလာခဲ့ပါသည်။

ထို့ကြောင့်လည်း အချုပ်အချာအဏာပိုင် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးပေါ်ထွန်းရေးတွင် သမိုင်းဝင် ပင်လုံစာချုပ်ကို တောင်တန်းသားများ၏ ဦးစီးခေါင်းဆောင်အဖြစ် ပလောင်  အမျိုးသားခေါင်းဆောင်ကြီး တောင်ပိုင် (ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့) စော်ဘွားကြီး စ၀်ခွန်ပန်စိန်၏ ဦးစီး ဦးဆောင်မှုဖြင့် သမိုင်းဝင် လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။
Read more of this post

တပ်မတော်(ကြည်း) တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်များရဲ့ဘ၀ – အပိုင်း (၂)

29 October 2012

တပ်မတော်(ကြည်း) တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်များရဲ့ဘ၀ – အပိုင်း (၁) ကို ဒီနေရာတွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

ယနေ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ တပ်မတော်အောက်ခြေဟာ ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံမှု မရှိသည့်အားလျော်စွာ တပ်မတော်သား တွေကရော ပြုပြင်ပြောင်းလဲရေး အသီးအပွင့်တွေ တကယ်ကော ခံစားခွင့် ရရှိကြရဲ့လားဆိုတာကို ပြည်သူလူထုက တစေ့တစောင်း သိချင်နေကြပါတယ်။ ရှေးဦးစွာ တပ်မတော်အတွင်း အခြေခံအကျဆုံး တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်တွေကို တပ်ထဲမှာ နေပျော်အောင် ဘယ်လို ပြုလုပ်ထားရမယ်ဆိုတဲ့ အထက်ဌာနရဲ့ စီမံချက်တွေကို သိရှိအောင် စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုက်ဒ်မှ တင်ပြပေးလိုက်ပါတယ်။
Read more of this post

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရကျော်ထင်၏ သမိုင်းအကျဉ်း

30 October 2012

အယ်ဒီတာအဖွဲ့မှ ပြုစုတင်ပြသည်။

ဗိုလ်ချုပ်ကြီးသူရကျော်ထင်ကို ၁၉၂၅ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့တွင် ပြည်မြို့၌ မွေးဖွားခဲ့သည်။

ဗိုလ်ချုပ်ကြီးသူရကျော်ထင်သည် ၈-၅-၁၉၄၃ ရက်နေ့တွင် ဗမာ့ကာကွယ်ရေးတပ်မတော်သို့ တပ်သားအဆင့်ဖြင့် ၀င်ရောက်ခဲ့ပြီး စမ်းချောင်းရှိစစ် ၀န်ကြီး ရုံး၊ကင်းတပ်တွင်လေ့ကျင့်ရေးဆင်းခဲ့ရသည်။ ထို့နောက် ရန်ကုန်မြို့၊ အလုံရှိ လေယာဉ်ပစ်အမြောက်ကြီးတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၉-၉-၁၉၄၄ ရက်နေ့တွင် မင်္ဂလာဒုံ စတုတ္တပတ်ဗိုလ်သင်တန်းသို့ တက်ရောက်ခဲ့ပြီး မင်္ဂလာဒုံ၊ ကျိုက္ကလို့ရှိ ဗမာ့တပ်မတော်၊ တပ်ရင်း(၄)တွင် တပ်စုမှူးအဖြစ် တာဝန်ပေးအပ် ခြင်းခံခဲ့ရပါသည်။ ၁၉၄၅ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် စတင်ဆင်နွှဲခဲ့သော ဖက်ဆစ်တော်လှန်ရေးကာလအတွင်း မျိုးချစ်ဗမာ့တပ်မတော်၊ တိုင်း(၁)၊ တပ်ရင်း (၁၀၄)တွင် တပ်စုမှူးတာဝန်ဖြင့် ပေါင်းတည်မြို့နယ်၊ မင်းလှမြို့နယ်၊ ပဲနွယ်ကုန်း၊ ကညွတ်ကွင်း၊ ဖြူးမြို့နယ်များတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလတွင် မျိုးချစ်ဗမာ့တပ်မတော်အား ဖျက်သိမ်းခဲ့ရာတွင် ပါဝင်ခဲ့ပြီး ပြည်မြို့တွင် ပြန်လည်နေထိုင်ခဲ့ပါသည်။
Read more of this post