နာတာရှည်ရောဂါ အန္တရာယ် ဘန်ကောက်ဆေးရုံ ဒေါက်တာ သတိပေး

အောင်မြတ်ထွန်း
အောက်တိုဘာလ ၀၈ ရက် ၂၀၁၂ ခုနှစ်

ဆီးချိုနှင့် သွေးတိုးရောဂါ ဖြစ်ပွားမှုသည် ဆင်းရဲသော နိုင်ငံများနှင့် အလယ်အလတ် ချမ်းသာသော နိုင်ငံများတွင် အဖြစ်အများ ဆုံး ရောဂါဖြစ်သည့် အတွက် အထူး ဂရုစိုက်ရမည့် ရောဂါ ဖြစ်ကြောင်း ဘန်ကောက် ဆေးရုံကြီး၏ ဒါရိုက်တာ ဒေါက်တာ အဒ် လောပရာယွန် Dr. Ead Lorprayoon က ပြောဆိုလိုက် သည်။

အောက်တိုဘာ ၆ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုနားဟိုတယ်တွင် ပြုလုပ်သော ဘန်ကောက် ဆေးရုံ မြန်မာပြည် ရုံးခွဲ ၁ဝ နှစ်ပြည့် အခမ်းအနားတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
Read more of this post

Obama နဲ့ Mitt Romney တို့ ပထမ အကျော့ စကားစစ်ထိုးပွဲ အတွက် ပြင်ဆင်

01.10.2012

အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား နဲ့ ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်း မစ်တ် ရွမ်မ်နီတို့ဟာ ဗုဒ္ဓဟူးနေ့လုပ်မယ့် ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲအတွက် ပြင်ဆင်နေကြ တာနဲ့အမျှ ဒီကနေ့မှာတော့ အများမြင်ကွင်းရှေ့မှာ သိပ်တွေ့ရဖို့မရှိပါဘူး။
Read more of this post

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ၈ ကျောင်း၊ သိမ် ၂ ဆောင်နှင့် နေအိမ် ၂၀ ခန့်မီးရှို့ဖျက်ဆီးခံရ

သဇင်ဥ
30 September 2012

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင် ပန်းဝါမြို့ (ရာမူး)နယ်အတွင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၈ ကျောင်း၊ သမုတ် သိမ် ၂ ဆောင်နှင့် အိမ်ခြေ ၂၀ ခန့်အား ဘင်္ဂလီများက ယနေ့မနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

ဘင်္ဂလီများထံ မီးရှို့ဖျက်ဆီးခံရသော နေအိမ်အများအပြားမှာ ဘာရာဝါ (မာရာမာကြီး) အိမ်များဖြစ်ကြောင်းနှင့် ညဥ့် ၁၂ နာရီ ကျော်တွင် စတင် မီးရှို့ဖျက်ဆီး ခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။ Read more of this post

Pussy Riot တီးဝိုင်းအဖွဲ့ဝင် ပြန်လွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

2012-09-20

ရုရှနိုင်ငံမှာ အစိုးရက ဖမ်းဆီးထားတဲ့ Pussy Riot ခေါ် နာမည်ကျော် အမျိုးသမီး ခေတ်ပေါ်ဂီတ တီးဝိုင်းအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

နယူးယောက်မြို့အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ကြာသပတေးနေ့မှာ ကျင်းပခဲ့တဲ့ ဂုဏ်ပြုပွဲမှာ Pussy Riot အဖွဲ့ဝင်တစ်ယောက်ရဲ့ မိသားစုဝင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုပန်းစည်း ပေးအပ်ခဲ့ပါတယ်။ Read more of this post

ဘဏ္ဍာရေးအကူအညီ ကန့်သတ်မှု ဖြေလျှော့ရေး အမေရိကန်အောက်လွှတ်တော် ထောက်ခံ

2012-09-20

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးအကူအညီ တားဆီးကန့်သတ်ထားမှု ဖြေလျှော့ပေးရေး ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်က ထောက်ခံလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့က တဆင့် မြန်မာနိုင်ငံကို ဘဏ္ဍာရေး အကူအညီ ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ Read more of this post

မြန်မာ့ရေပိုင်နက်အတွင်း မူဆလင်လက်နက်ကိုင်အဖွဲ့ ၀င်ရောက်လာ

2012-09-20

မြန်မာနိုင်ငံ ပင်လယ်ပြင် ရေပိုင်နက်အတွင်း မူဆလင် လက်နက်ကိုင်အဖွဲ့ စက်လှေတစီးနဲ့ ၀င်ရောက်လာတဲ့အတွက် ဧရာဝတီတိုင်း ဖျာပုံခရိုင်အတွင်းက ပင်လယ်နဲ့ နီးတဲ့ ကျေးရွာတွေမှာ ဒီကနေ့ကစလို့ လုံခြုံရေးအဖွဲ့တွေ အရေးပေါ် ဖွဲ့စည်း တာဝန်ပေးအပ်နေတယ်လို့ RFA က စုံစမ်းသိရပါတယ်။

အခုလို အရေးပေါ် လုံခြုံရေးအဖွဲ့တွေ ကျေးရွာအလိုက် ဖွဲ့စည်းနေတာနဲ့ ပတ်သက်လို့ ဖျာပုံခရိုင် အမာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးက စာအမှတ် ၃/၂၀၁၂ နဲ့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်ကို ဒေသခံတစ်ဦးက အခုလို ဖတ်ပြပါတယ်။ Read more of this post

ဆက်ကြေးများကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်နေဟု အိန္ဒိယကုန်သည် ပြော

နေမျိုး
စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ်

မြန်မာ-အိန္ဒိယ နယ်စပ်တွင် အိန္ဒိယခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့များ၏ ဆက်ကြေး ကောက်ခံမှုများကြောင့် အိန္ဒိယ ကုန်စည် များ ဈေးနှုန်းမြှင့်တက်ကာ နယ်စပ် ကုန်သွယ်ရေး၌ တွင်တွင်ကျယ်ကျယ် ကုန်သွယ်နိုင်ခြင်း မရှိကြောင်း သိရသည်။

ကုန်ပစ္စည်း အမျိုးအစားပေါ်မူတည်ပြီး ဆက်ကြေးနှုန်းထား အနိမ့်၊ အမြင့်ရှိသလို မလိုလားအပ်သည့် ကုန်ကျစရိတ်များ လည်း ရှိ နေသည့်အတွက် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် အိန္ဒိယ ကုန်စည်များ ဈေးကွက်မထိုးဖောက်နိုင်ကြောင်း နယ်စပ်ကုန်သည် များ အသင်းဝင် ကုန်သည်ကြီးတဦး က ပြောသည်။
Read more of this post

မြန်မာ အဓိကရုဏ်းပုံများ ဝဘ်ဆိုက်တင်၍ အိန္ဒိယ ကျောင်းဆရာတဦး ဖမ်းဆီးခံရ

စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ်

အိန္ဒိယ အရှေ့မြောက် ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာ စေရန် လံှု့ဆော်မှု ဖြစ်စေခဲ့သည့် “၂ဝ၁၂ မြန်မာပြည် အဓိကရုဏ်း ရင်ဖိုဖွယ် ပုံများ” Burma Riots Thrilling Pictures 2012 အား အင်တာနက် ဝဘ်ဆိုက်တခုပေါ် လုပ်ကြံဖန်တီး၍ တင်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် အိန္ဒိယနိုင်ငံ၊ မုံဘိုင်းအခြေစိုက် ကျောင်းဆရာ တဦးအား အိန္ဒိယ သတင်းဆက်သွယ်ရေးဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

“ကျောင်းဆရာ ရှရစ် အာမဒ် ဘရှီး ဆီဒီကီ Sharif Ahmed Bashir Siddiqui ဟာ သူ့အိမ်က ကွန်ပျူတာကနေ ဒါတွေ ကို အင်တာနက်ပေါ် တင်နေတာ ဖြစ်တယ်” ဟု ဒု-ရဲမင်းကြီး ဆန်ဂျေး ရှင်ဒေး Sanjay Shinde အား ကိုးကား၍ ပီတီအိုင် သတင်းတရပ်တွင် ဖော်ပြထားသည်။ Read more of this post

တရုတ်သင်္ဘောသား ၁၃ ဦး သတ်ဖြတ်မှု တရားရုံးတွင် နော်ခမ်း ငြင်းဆို

စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ်

လွန်ခဲ့သောနှစ်က မဲခေါင်မြစ်အတွင်း တရုတ် ကုန်တင်သင်္ဘော နှစ်စင်းအား ပစ်ခတ် တိုက်ခိုက်မှုနှင့် တရုတ်နိုင်ငံသား ၁၃ ဦး အား သတ်ဖြတ်မှုတို့ဖြင့် စွပ်စွဲဖမ်းဆီး၍ ရုံးတင် စစ်ဆေးခံနေရသော မူးယစ်ရာဇာ နော်ခမ်း က ၎င်းအနေဖြင့် ထိုတိုက်ခိုက်မှု အား စီစဉ်ခဲ့ခြင်း မရှိကြောင်း ငြင်းချက် ထွက်ဆိုလိုက်သည်။

ကြာသပတေးနေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်း တရားရုံး၌ ရုံးထုတ်စစ်ဆေးစဉ် စွပ်စွဲခံရသူ ခြောက်ဦးအနက် ခေါင်းဆောင် နော်ခမ်း က ထိုသို့ငြင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းတရပ်တွင် ရေးသားပါရှိသည်။
Read more of this post

ငြိမ်းချမ်းရေးနေ့ ဂုဏ်ပြု ‘Peace One Day’ မှတ်တမ်းရုပ်ရှင် ပြသမည်

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ‘Peace One Day’ မှတ်တမ်း ရုပ်ရှင်ကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန် နိုင်ငံရေး သိပ္ပံ ကျောင်း၌ ပြသမည်ဟု သိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သော်လည်း ထိုနေ့တွင် လမ်းလျှောက် ဆန္ဒပြမည့် အစီအစဉ်များ ရှိနေ၍ ၂၂ ရက်နေ့တွင်မှ ပြသမှာ ဖြစ်သည်။ Read more of this post