A talk with Min Ko Naing

Advertisements

ဗိုလ်မှူးကြီးဟောင်း လွန်းတင် ကွယ်လွန်

October 22, 2012

NLD ခေါင်းဆောင်ပိုင်းတွင် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူ ဗိုလ်မှူးကြီးဟောင်း ဦးလွန်းတင်သည် ယမန်နေ့က ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားသည်။
ကွယ်လွန်ချိန်တွင် အသက် ၉၁  နှစ်ရှိပြီ ဖြစ်သည်။

ဦးလွန်းတင်သည်  ဒုတိယကမ္ဘာစစ်အတွင်း ပေါ်ပေါက်လာသော BIA ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ၀င်ရောက်ခဲ့သူ ဖြစ်သည်။ BIA တပ် ရန်ကုန်သို့ ချီတက်ရာတွင် ဦးလွန်းတင်က တပ်စုမှူးတဦးအဖြစ် တာဝန်ယူရသည်။ BIA တပ် ရန်ကုန်မှ မြန်မာပြည်မြောက်ပိုင်းသို့ ချီတက်ရာတွင် ဦးလွန်းတင်က တပ်ရင်းမှူးတဦး ဖြစ်လာသည်။ Read more of this post

ကနေဒါနိုင်ငံတွင် လက်တွေ့(၆)လ ပါဝင်သည့် ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းအတွက် ကမ်းလှမ်းမှုများရှိနေ

10 Oct, 2012

ကနေဒါနိုင်ငံတွင် လက်တွေ့(၆)လ လုပ်ကိုင်ရမည့် Master of Arts in Tourism Management အတွက် မြန်မာ နိုင်ငံ မှကျောင်းသားများအား စတင်ခေါ်ယူလျှက်ရှိကြောင်း သိရှိရသည်။

ခရီးသွားလုပ်ငန်းအား စိတ်ဝင်စားသည့် မြန်မာကျောင်းသားများအတွက် MA in Tourism Management ဘာသာရပ်ကို ကနေဒါရှိ Royal Roads Universityတွင် သင်ယူနိုင်ခြင်းဖြစ်ပြီး အဆိုပါ MA Tourism Management ဘာသာရပ် အတွက် စာသင်ချိန် တစ်နှစ်နှင့် လက်တွေ့လုပ်ငန်းအတွေ့အကြုံရယူလို သူများအတွက် Internship အစီအစဉ် ၆(လ)ရွေး ချယ်နိုင် ခြင်းဖြစ်သည်။
Read more of this post

ဖားကန့် လုံးခင်းတိုက်ပွဲ ကေအိုင်အေနှင့် မဆိုင်ကြောင်း ငြင်းဆို

ဝင့်သင်ဇာကျော် (မြစ်မခ)
10 Oct, 2012

၂၀၁၂ခုနှစ် အောက်တိုဘာ၉ ရက်နေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်ဖြစ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စုအနီးပွားခဲ့သော တိုက်ပွဲ မှာမြန်မာတပ်မတော်နှင့် ကေအိုင်အေတို့ ပစ်ခတ်ကြခြင်းမဟုတ်ဟု ကေအိုင်အေဘက်က ပြောကြားသည်။

“ကေအိုင်အေအဖွဲ့နဲ့ဖြစ်တာတော့ လုံးဝမဟုတ်ဘူး၊ ကျွန်တော်တို့ရွာကြားမှာ ပြည်သူလူထုရှိ တဲ့အိမ်ကြိုအိမ်ကြားလမ်းကြို လမ်းကြား မှာအများဖြတ်သန်းဖြတ်လာလုပ်တဲ့လမ်းမကြီးမှာဘယ်တော့မှမလုပ်ဘူး၊”ဟု ဖားကန့်ဒေသတွင် လှုပ်ရှားသည့် ကေအိုင်အေတပ်ရင်း(၆) ဗိုလ်ကြီးလဒွဲက ပြောသည်။
Read more of this post

အကောင်အထည်ပေါ်တော့မည့် မိုဘိုင်းငွေလွှဲခြင်းဆိုင်ရာလုပ်ငန်းများ

ဥာဏ်ဥာဏ်(မြစ်မခ)
10 Oct, 2012

မြန်မာနိုင်ငံအတွင်း မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေလွှဲခြင်းနှင့် ငွေပို့ခြင်း၊ ဈေးဝယ်ခြင်းစသည့်ကိစ္စရပ်များကို ၂၀၁၃ ခုနှစ်အတွင်း အကောင်အထည် ဖော် ဆောင်သွားမည်ဖြစ်ကြောင်း သမဝါယမဘဏ်မှ သိရှိရသည်။

“ကျွန်တော်တို့ ဘဏ်ကနေ နောက်နှစ်ဆို တွင်ကျယ်အောင် လုပ်ဆောင်သွားမှာပါ။ တခြားနိုင်ငံတွေမှာဆို သုံးနေကြပြီ။ အဲ့တာ တော့ ကျွန်တော်တို့လည်း လုပ်ချင်တဲ့ ဆန္ဒပေါ်လာရတာပါ။ ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာကိုတော့ အစည်းအဝေးထပ်လုပ် ပါအုံးမယ်။”ဟု သမဝါယမဘဏ်မှ MD ဦးဖေမြင့်က ပြောသည်။
Read more of this post

ပြည်တွင်းရွှေဈေုးမြင့်တက်လာနိုင်ဟု ရွှေလုပ်ငန်းရှင်များအသင်းက သုံးသပ်

သန့်ဇင်ဝင်း (မြစ်မခ)
10 Oct, 2012

မြန်မာငွေဈေး မြင့်တက်နေပြီး နိုင်ငံခြားငွေလဲလှယ်ဈေးကျဆင်းနေခြင်းကြောင့် ပြည်တွင်းရွှေဈေးကွက်၌ ရွှေဈေးနူန်းများဆက် လက် မြင့်တက်လာဖွယ်ရှိကြောင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးထံက သိရှိရသည်။

“စစ်ရေးတင်းမာမှုနဲ့ ဘဏ်ကိစ္စတွေကြောင့် ရွှေဈေးက ခန့်မှန်းရခက်တယ်။ မြန်မာငွေဈေးကလည်းမာ၊ ဒေါ်လာဈေးကလည်း ကျနေတယ်။ နောက်ထပ်(၅)ရက် လောက်အထိကို ရွှေဈေးက ၇သိန်း(၈)သောင်း (၅)ထောင်နဲ့(၇)သိန်း(၉)သောင်းလောက် ကြားမှာ ရှိနိုင်တယ်၊ အရင်လတွေကထက် စာရင် ရွှေဈေးတက် လာတယ်”ဟု မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် အသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က သုံးသပ်သည်။ Read more of this post

သမ္မတကို ထောက်ခံ၊ OIC ရုံးအား ကန့်ကွက်ခဲ့သည့် စစ်တွေ ဆန္ဒထုတ်ဖော်ပွဲ

ထွန်းနေအောင်(မြစ်မခ)
9 Oct, 2012

အောက်တိုဘာလ(၉)ရက်နေ့ နေ့လည်(၂း၀၀)နာရီဝန်းကျင်က OIC ရုံး လာရောက်ဖွင့်လှစ်မည်ကို မကျေနပ်၍ ရခိုင်ပြည်နယ် စစ်တွေမှ ရဟန်းရှင်လူပြည်သူများ ပူးပေါင်းကာ ဘင်္ဂလားဒေရှ့်ကောင်စစ် ၀န်ရုံးရှေ့တွင်ဆန္ဒထုတ်ဖော်မှုတစ်ရပ်   ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ရဟန်းသံဃာတော်(၃၀၀၀)ထောင်ကျော်၊ ပြည်သူပရိသတ် သောင်းဂဏန်းပါဝင်ခဲ့ပြီး စစ်တွေမြို့ရှိ အောင်မြေဘော လုံးကွင်းမှ စတင်ထွက်ခွာခဲ့ခြင်းဖြစ်သည်။
Read more of this post