ဖာပွန်မြို့နယ်မြောက်ပိုင်း လူဦးရေ တဝက်ကျော် တုတ်ကွေးဖြစ်ပွားနေ

ကွန်းချမ်း
စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ်

ကျန်းမာရေး ဝန်ဆောင်မှု အားနည်းသည့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကျေးရွာအုပ်စု သုံးခုရှိ ရွာ ၁ဝ ရွာကျော်တွင် လူဦးရေ ထက်ဝက်ကျော်မှာ တုတ်ကွေးရောဂါ ဖြစ်ပွားလျက် ရှိပြီး စာသင်ကျောင်းများ ကိုလည်း ပိတ်ထားရကြောင်း နယ်လှည့် ကျောပိုး အိတ် ကျန်းမာရေး လုပ်သားအဖွဲ့ BPHWT ၏ အဆိုအရ သိရသည်။

အင်္ဂါနေ့တွင် ရရှိသည့်စာရင်းအရ ဖာပွန်မြို့နယ် မြောက်ပိုင်း ပလာ့ခို့၊ နော်ယိုထာ့နှင့် လယ်မူပလောကျေးရွာအုပ်စု သုံးခုရှိ လူဦးရေ ၂,ဝ၉ဝ ကျော်အနက် ၁,၄၆၇ ဦးတွင် ရောဂါလက္ခဏာ တွေ့ရှိရပြီး ထိုအထဲတွင် ကျောင်းသူ/သား ၄ဝဝ ကျော် ပါဝင်သည်ဟု  BPHWT ဒါရိုက်တာ စောဝင်းကျော် က ပြော သည်။ Read more of this post