ရှားခဲ ဘုံစားအင်းဒေသ၌ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အကူအညီရယူရန် တိုင်းဝန်ကြီးချုပ်မှာကြား

မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)
2 Oct, 2012

ပြဿနာများအကြိမ်ကြိမ်ဖြစ်ပွားခဲ့သည့် ရှားခဲကြီး/ရှားခဲလေးအင်းအား အများငါးရှာခွင့်ရှိသော ဘုံအင်းအဖြစ် သတ်မှတ် လိုက် သော်လည်း ဒေသတွင်း လုံခြုံမှုအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အကူအညီရယူရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်က ဆိုသည်။

ရှားခဲရွာသားများအနေဖြင့် အတူတူငါးဖမ်းလျှင်ပြဿနာများ ပိုမိုဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်နေသည့်အပေါ်တွင် တိုင်းဝန်ကြီးချုပ် က ပြောကြား လိုက်ခြင်း ဖြစ်သည်။
Read more of this post

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်လွှတ်တော်မှာ ဂုဏ်ပြုဆုလက်ခံ

ကိုသိန်းထိုက်ဦး
19.09.2012
ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ကွန်ဂရက်စ်လွှတ်တော်က အရပ်သားတွေကို ဂုဏ်ပြုပေး အပ်တဲ့ ဆုတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ Congressional Gold Medal ဆုကို   ဗုဒ္ဓဟူးနေ့တုန်းက လက်ခံရယူခဲ့ပါတယ်။ Capitol Hill လွှတ်တော် အဆောက်အအုံမှာလုပ်ခဲ့တဲ့ ဆုပေးပွဲအခမ်းအနား ကို အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းလွှတ်တော်အမတ်တွေအပြင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် သမ္မတဟောင်းကတော် လော်ရာဘုရှ်တို့ကလည်း တက်ရောက်ပြီးတော့ ချီးကျူးဂုဏ်ပြုစကားတွေကို ပြောခဲ့ကြပါတယ်။ ဒီ ကွန်ဂရက်စ် လွှတ်တော် အကြောင်း အပြည့်အစုံကိုတော့ ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ကိုသိန်းထိုက် ဦးက တင်ပြပေး ထားပါတယ်။ Read more of this post

ရခိုင်ပြည်နယ် လယ်ယာမြေပြဿနာ စတင် စုံစမ်းစစ်ဆေးမည်

2012-09-18

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်း တာဝန်ပေးအပ်ထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင်အဖွဲ့ကို တိုင်ကြားလာတဲ့ ရခိုင်ပြည်နယ် အတွင်းက လယ်ယာမြေပြဿနာ အမှုတွေကို မနက်ဖြန် စက်တင်ဘာလ ၁၉ ရက်ကနေစပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီစုံစမ်း စစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး အဲဒီကော်မတီမှာ ပါဝင်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက RFA ကို အခုလို ပြော ပါတယ်။
Read more of this post