တပ်မတော်(ကြည်း) တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်များရဲ့ဘ၀ – အပိုင်း (၂)

29 October 2012

တပ်မတော်(ကြည်း) တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်များရဲ့ဘ၀ – အပိုင်း (၁) ကို ဒီနေရာတွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

ယနေ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ တပ်မတော်အောက်ခြေဟာ ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံမှု မရှိသည့်အားလျော်စွာ တပ်မတော်သား တွေကရော ပြုပြင်ပြောင်းလဲရေး အသီးအပွင့်တွေ တကယ်ကော ခံစားခွင့် ရရှိကြရဲ့လားဆိုတာကို ပြည်သူလူထုက တစေ့တစောင်း သိချင်နေကြပါတယ်။ ရှေးဦးစွာ တပ်မတော်အတွင်း အခြေခံအကျဆုံး တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်တွေကို တပ်ထဲမှာ နေပျော်အောင် ဘယ်လို ပြုလုပ်ထားရမယ်ဆိုတဲ့ အထက်ဌာနရဲ့ စီမံချက်တွေကို သိရှိအောင် စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုက်ဒ်မှ တင်ပြပေးလိုက်ပါတယ်။
Read more of this post

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရကျော်ထင်၏ သမိုင်းအကျဉ်း

30 October 2012

အယ်ဒီတာအဖွဲ့မှ ပြုစုတင်ပြသည်။

ဗိုလ်ချုပ်ကြီးသူရကျော်ထင်ကို ၁၉၂၅ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့တွင် ပြည်မြို့၌ မွေးဖွားခဲ့သည်။

ဗိုလ်ချုပ်ကြီးသူရကျော်ထင်သည် ၈-၅-၁၉၄၃ ရက်နေ့တွင် ဗမာ့ကာကွယ်ရေးတပ်မတော်သို့ တပ်သားအဆင့်ဖြင့် ၀င်ရောက်ခဲ့ပြီး စမ်းချောင်းရှိစစ် ၀န်ကြီး ရုံး၊ကင်းတပ်တွင်လေ့ကျင့်ရေးဆင်းခဲ့ရသည်။ ထို့နောက် ရန်ကုန်မြို့၊ အလုံရှိ လေယာဉ်ပစ်အမြောက်ကြီးတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၉-၉-၁၉၄၄ ရက်နေ့တွင် မင်္ဂလာဒုံ စတုတ္တပတ်ဗိုလ်သင်တန်းသို့ တက်ရောက်ခဲ့ပြီး မင်္ဂလာဒုံ၊ ကျိုက္ကလို့ရှိ ဗမာ့တပ်မတော်၊ တပ်ရင်း(၄)တွင် တပ်စုမှူးအဖြစ် တာဝန်ပေးအပ် ခြင်းခံခဲ့ရပါသည်။ ၁၉၄၅ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် စတင်ဆင်နွှဲခဲ့သော ဖက်ဆစ်တော်လှန်ရေးကာလအတွင်း မျိုးချစ်ဗမာ့တပ်မတော်၊ တိုင်း(၁)၊ တပ်ရင်း (၁၀၄)တွင် တပ်စုမှူးတာဝန်ဖြင့် ပေါင်းတည်မြို့နယ်၊ မင်းလှမြို့နယ်၊ ပဲနွယ်ကုန်း၊ ကညွတ်ကွင်း၊ ဖြူးမြို့နယ်များတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလတွင် မျိုးချစ်ဗမာ့တပ်မတော်အား ဖျက်သိမ်းခဲ့ရာတွင် ပါဝင်ခဲ့ပြီး ပြည်မြို့တွင် ပြန်လည်နေထိုင်ခဲ့ပါသည်။
Read more of this post

ဗိုလ်မှူးကြီးဟောင်း လွန်းတင် ကွယ်လွန်

October 22, 2012

NLD ခေါင်းဆောင်ပိုင်းတွင် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူ ဗိုလ်မှူးကြီးဟောင်း ဦးလွန်းတင်သည် ယမန်နေ့က ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားသည်။
ကွယ်လွန်ချိန်တွင် အသက် ၉၁  နှစ်ရှိပြီ ဖြစ်သည်။

ဦးလွန်းတင်သည်  ဒုတိယကမ္ဘာစစ်အတွင်း ပေါ်ပေါက်လာသော BIA ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ၀င်ရောက်ခဲ့သူ ဖြစ်သည်။ BIA တပ် ရန်ကုန်သို့ ချီတက်ရာတွင် ဦးလွန်းတင်က တပ်စုမှူးတဦးအဖြစ် တာဝန်ယူရသည်။ BIA တပ် ရန်ကုန်မှ မြန်မာပြည်မြောက်ပိုင်းသို့ ချီတက်ရာတွင် ဦးလွန်းတင်က တပ်ရင်းမှူးတဦး ဖြစ်လာသည်။ Read more of this post

“၀” ၊ မိုင်းလား အဖွဲ့များ နှင့် ကာချုပ် တွေ့ဆုံ

ရန်ပိုင်
October 8, 2012

ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်နယ်စပ်အခြေစိုက် အပစ်ရပ် အဖွဲ့များဖြစ်သည့် ၀ပြည် သွေးစည်ညီညွတ်ရေး အဖွဲ့ (UWSA)၊ မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ခေါင်းဆောင်များနှင့် ရှမ်းပြည် အရှေ့ ပိုင်း ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ်တွင် ပြီးခဲသည့် စနေနေ့က  တွေ့ဆုံဆွေးနွေးသည်။
Read more of this post

ဧရာဝတီရေတပ်စခန်းအဆောက်အဦးများဆောက်လုပ်ရန် ဒလမြို့နယ်မှလယ်သမားများအား အဓမ္မပြောင်းရွေ့ခိုင်း

ထက်အောင်ခန့် (မြစ်မခ)
by Myit Makha Mediagroup on 2 Oct, 2012

ဒလမြို့နယ် ခနောင်ရွာမနှင့် တုံးတင်ကန်မြောက်ကျေးရွာအုပ်စုမှ လယ်ဧက ၅၀၀ ပေါ်တွင် နေထိုင်သော လယ်သမားများအား ရေတပ်မှ ၂၀၁၃ နှစ်ဆန်းပိုင်း နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းကြောင်း လယ်သမားများက ဆိုသည်။

လယ်သမား (၄၄)ဦးပိုင် ၎င်းလယ်မြေများအား ဧရာဝတီရေတပ်စခန်းဋ္ဌာနချုပ်တပ်ပိုင်မှအဆောက်အဦးများ ပြန်လည် ဆောက် လုပ်မည်ဖြစ်သဖြင့် တပ်ပိုင်မြေပေါ် တွင် စပါးစိုက်ပျိုးခြင်း လယ်စောင့်တဲများနှင့် လူနေအိမ်များကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလကုန် ပိုင်းတွင် နောက်ဆုံးထားကာ အမြန်ဆုံးဖယ်ရှားခိုင်းခြင်းဖြစ်သည်။
Read more of this post

စစ်ဦးစီးအရာရှိချုပ် (ကြည်း) အဖြစ် ဗိုလ်ချုပ်မြထွန်းဦးအား ခန့်အပ်လာခြင်း

25 September 2012

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယခင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြထွန်းဦးအား စစ်ဦးစီးအရာ ရှိချုပ် (ကြည်း)အဖြစ် ခန့်အပ်လိုက်တယ်လို့ စစ်ရုံးနဲ့နီးစပ်သူများက မကြာသေးမီကလေးကပဲ သတင်းပို့လာပါတယ်။ ဗိုလ်ချုပ်မြထွန်းဦးဟာ ကြည်း ၁၈၁၃၃ B.Sc DSA (၂၅) ကျောင်းဆင်းဖြစ်ပြီး ဆိပ်ကြီးခနောင်တိုဇာတိ ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်၊ မေလ (၄) ရက်နေ့မှာ မွေးဖွားခဲ့ပြီး ဇနီး အမည်ကတော့ ဒေါ်သက်သက်မောင်လို့ သိရပါတယ်။ ယခင်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ စစ်ဦးစီးအရာရှိ(ပထမတန်း)(စစ်ဖက်ရေးရာလုံခြုံရေး) အဖြစ်တာဝန်ယူခဲ့စဉ်က KNU မှ ဗိုလ်ချုပ်ထိန်မောင်ကို သွားရောက်စည်းရုံးခေါ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ စရဖ စတင်ဖွဲ့စည်းခဲ့စဉ်က စရဖချုပ်ဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် (ယခု မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်) က ခေါ်ယူ တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ Read more of this post

မြန်မာ့တပ်မတော် (ရေ)၏ ရေတပ်စစ်ရေးလေ့ကျင့်မှု

မြန်မာ့တပ်မတော် (ရေ)သည် မိမိပြည်တွင်းထုတ် တိုက်ခိုက်ရေးအမြန်ယာဉ်များ ၊ ကော်ဗတ်စစ်ရေယာဉ်ကြီးများအပြင် ဖရီးဂိတ်စစ်ရေယာဉ်ကြီးများကို အဆင့်အတ န်း မြှင်းမားစွာ တပ်ဆင်ထုတ်လုပ်နိုင်နေပြီဖြစ်ပါသည်။ မိမိတို့ပြည်တွင်းထုတ် စစ်ရေယာဉ်များအပြင် နည်းပညာ၊ဒီဇိုင်းနှင့်  စွမ်းဆောင်ရည်စသည့် အချက်လက်များ လေ့လာနိုင်စေရန် ရည်ရွှယ်၍လည်း ပြည်ပနိုင်ငံများမှ ဖရီးဂိတ်စစ်ရေယာဉ်များဝယ်ယူဖြည့်တင်းခဲ့ပါသည်။ ထိုကဲ့သို့သော ဝယ်ယူမှုများအနက် တရုပ်ရေတပ်သုံး ဖရီးဂိတ်စစ်ရေယာဉ်များသည် အထင်ရှားဆုံးဖြစ်သည်။ Read more of this post

မြန်မာ့တပ်မတော်ကို ဘယ်လို ကူညီရမလဲ

September 22, 2012

ပြီးခဲ့တဲ့အပတ်က အမေရိကန် နိုင်ငံခြားရေးမူဝါဒ ချမှတ်မှုအပေါ် ဩဇာရှိတဲ့ ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (Center for Strategic and International Studies – CSIS) က  အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့တပ်မတော်နဲ့ စစ်ရေးအချိတ်အဆက်တွေ ပိုအားကောင်းအောင် လုပ်သင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပြီး များမကြာခင် မြန်မာ့တပ်မတော်နဲ့ စစ်ရေးပူးတွဲ လုပ်ဆောင်ဖို့ တပ်မတော် အရာရှိများကို သင်တန်းပေးဖို့ အလားအလာတွေကို အမေရိကန်နဲ့ မြန်မာ စစ်ဘက် အရာရှိတွေ ဆွေးနွေး ညှိနှိုင်းနေကြပြီ ဆိုတာကြောင့် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ အများအပြား မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ ကလေးစစ်သား သုံးတာ၊ ပေါ်တာဆွဲတာ၊ အရပ်သားတွေကို နှိပ်စက်တာလို ဖိနှိပ်မှုတွေနဲ့ နာမည်ပျက်လာခဲ့တာ ဆယ်စုနှစ်နဲ့ ချီ ကြာခဲ့တဲ့ မြန်မာစစ်တပ်ကို ဘယ်လို လူရာပြန်သွင်းကြမှာလဲ။ Read more of this post

အစိုးရတပ်နှင့် ကေအိုင်အို တိုက်ပွဲဖြစ်ပွား

2012-09-20

ကေအိုင်အို လိုင်ဇာဌာနချုပ်နဲ့ ၇ မိုင်လောက်သာဝေးတဲ့ ဒေသမှာ ဒီလ ၁၈ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ကေအိုင်အို ဘက်က ပြောပါတယ်။

ဒီလ ၁၈ ရက်နေ့က ကေအိုင်အို တပ်မဟာ ၅ လက်အောက် တပ်ရင်း ၂၄ ဒေသမှာ အစိုးရရဲ့ မြောက်ပိုင်းတိုင်း လက်အောက် ခံတပ်နဲ့ ကေအိုင်အို တပ်တွေ တိုက်ပွဲဖြစ်ခဲ့တာကို ကေအိုင်အို ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပါတယ်။ Read more of this post

တပ်မတော်ပါသရွေ့ ဒီမိုကရေစီ ပြောင်းလဲရေး နောက်ကြောင်း ပြန်မလှည့်နိုင်

18.09.2012

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို တပ်မတော်က အပြည့် အ၀ ထောက်ခံပံ့ပိုးပေးနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီရဲ့ လမ်းကြောင်း ဟာ နောက်ကြောင်းပြန်ပြီး လှည့်စရာ အကြောင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ (၁၈) ရက်နေ့ ဗွီအို အေ အင်္ဂလိပ်ပိုင်း အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်း ခန်းမှာ ပြောကြားခဲ့ပါတယ်။
Read more of this post