ကနေဒါနိုင်ငံတွင် လက်တွေ့(၆)လ ပါဝင်သည့် ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းအတွက် ကမ်းလှမ်းမှုများရှိနေ

10 Oct, 2012

ကနေဒါနိုင်ငံတွင် လက်တွေ့(၆)လ လုပ်ကိုင်ရမည့် Master of Arts in Tourism Management အတွက် မြန်မာ နိုင်ငံ မှကျောင်းသားများအား စတင်ခေါ်ယူလျှက်ရှိကြောင်း သိရှိရသည်။

ခရီးသွားလုပ်ငန်းအား စိတ်ဝင်စားသည့် မြန်မာကျောင်းသားများအတွက် MA in Tourism Management ဘာသာရပ်ကို ကနေဒါရှိ Royal Roads Universityတွင် သင်ယူနိုင်ခြင်းဖြစ်ပြီး အဆိုပါ MA Tourism Management ဘာသာရပ် အတွက် စာသင်ချိန် တစ်နှစ်နှင့် လက်တွေ့လုပ်ငန်းအတွေ့အကြုံရယူလို သူများအတွက် Internship အစီအစဉ် ၆(လ)ရွေး ချယ်နိုင် ခြင်းဖြစ်သည်။
Read more of this post

အကောင်အထည်ပေါ်တော့မည့် မိုဘိုင်းငွေလွှဲခြင်းဆိုင်ရာလုပ်ငန်းများ

ဥာဏ်ဥာဏ်(မြစ်မခ)
10 Oct, 2012

မြန်မာနိုင်ငံအတွင်း မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေလွှဲခြင်းနှင့် ငွေပို့ခြင်း၊ ဈေးဝယ်ခြင်းစသည့်ကိစ္စရပ်များကို ၂၀၁၃ ခုနှစ်အတွင်း အကောင်အထည် ဖော် ဆောင်သွားမည်ဖြစ်ကြောင်း သမဝါယမဘဏ်မှ သိရှိရသည်။

“ကျွန်တော်တို့ ဘဏ်ကနေ နောက်နှစ်ဆို တွင်ကျယ်အောင် လုပ်ဆောင်သွားမှာပါ။ တခြားနိုင်ငံတွေမှာဆို သုံးနေကြပြီ။ အဲ့တာ တော့ ကျွန်တော်တို့လည်း လုပ်ချင်တဲ့ ဆန္ဒပေါ်လာရတာပါ။ ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာကိုတော့ အစည်းအဝေးထပ်လုပ် ပါအုံးမယ်။”ဟု သမဝါယမဘဏ်မှ MD ဦးဖေမြင့်က ပြောသည်။
Read more of this post

ပြည်တွင်းရွှေဈေုးမြင့်တက်လာနိုင်ဟု ရွှေလုပ်ငန်းရှင်များအသင်းက သုံးသပ်

သန့်ဇင်ဝင်း (မြစ်မခ)
10 Oct, 2012

မြန်မာငွေဈေး မြင့်တက်နေပြီး နိုင်ငံခြားငွေလဲလှယ်ဈေးကျဆင်းနေခြင်းကြောင့် ပြည်တွင်းရွှေဈေးကွက်၌ ရွှေဈေးနူန်းများဆက် လက် မြင့်တက်လာဖွယ်ရှိကြောင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးထံက သိရှိရသည်။

“စစ်ရေးတင်းမာမှုနဲ့ ဘဏ်ကိစ္စတွေကြောင့် ရွှေဈေးက ခန့်မှန်းရခက်တယ်။ မြန်မာငွေဈေးကလည်းမာ၊ ဒေါ်လာဈေးကလည်း ကျနေတယ်။ နောက်ထပ်(၅)ရက် လောက်အထိကို ရွှေဈေးက ၇သိန်း(၈)သောင်း (၅)ထောင်နဲ့(၇)သိန်း(၉)သောင်းလောက် ကြားမှာ ရှိနိုင်တယ်၊ အရင်လတွေကထက် စာရင် ရွှေဈေးတက် လာတယ်”ဟု မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် အသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က သုံးသပ်သည်။ Read more of this post

သမ္မတကို ထောက်ခံ၊ OIC ရုံးအား ကန့်ကွက်ခဲ့သည့် စစ်တွေ ဆန္ဒထုတ်ဖော်ပွဲ

ထွန်းနေအောင်(မြစ်မခ)
9 Oct, 2012

အောက်တိုဘာလ(၉)ရက်နေ့ နေ့လည်(၂း၀၀)နာရီဝန်းကျင်က OIC ရုံး လာရောက်ဖွင့်လှစ်မည်ကို မကျေနပ်၍ ရခိုင်ပြည်နယ် စစ်တွေမှ ရဟန်းရှင်လူပြည်သူများ ပူးပေါင်းကာ ဘင်္ဂလားဒေရှ့်ကောင်စစ် ၀န်ရုံးရှေ့တွင်ဆန္ဒထုတ်ဖော်မှုတစ်ရပ်   ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ရဟန်းသံဃာတော်(၃၀၀၀)ထောင်ကျော်၊ ပြည်သူပရိသတ် သောင်းဂဏန်းပါဝင်ခဲ့ပြီး စစ်တွေမြို့ရှိ အောင်မြေဘော လုံးကွင်းမှ စတင်ထွက်ခွာခဲ့ခြင်းဖြစ်သည်။
Read more of this post

နာတာရှည်ရောဂါ အန္တရာယ် ဘန်ကောက်ဆေးရုံ ဒေါက်တာ သတိပေး

အောင်မြတ်ထွန်း
အောက်တိုဘာလ ၀၈ ရက် ၂၀၁၂ ခုနှစ်

ဆီးချိုနှင့် သွေးတိုးရောဂါ ဖြစ်ပွားမှုသည် ဆင်းရဲသော နိုင်ငံများနှင့် အလယ်အလတ် ချမ်းသာသော နိုင်ငံများတွင် အဖြစ်အများ ဆုံး ရောဂါဖြစ်သည့် အတွက် အထူး ဂရုစိုက်ရမည့် ရောဂါ ဖြစ်ကြောင်း ဘန်ကောက် ဆေးရုံကြီး၏ ဒါရိုက်တာ ဒေါက်တာ အဒ် လောပရာယွန် Dr. Ead Lorprayoon က ပြောဆိုလိုက် သည်။

အောက်တိုဘာ ၆ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုနားဟိုတယ်တွင် ပြုလုပ်သော ဘန်ကောက် ဆေးရုံ မြန်မာပြည် ရုံးခွဲ ၁ဝ နှစ်ပြည့် အခမ်းအနားတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
Read more of this post

အလုပ်သမား သမဂ္ဂများ စုပေါင်းဗဟိုရုံး ဖွင့်မည်

စနေလင်း
October 9, 2012

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အတွင်း၌ အလုပ်သမား သမဂ္ဂများ ရုံးခန်းအဖြစ် အသုံးပြုနိုင်ရန်အတွက် အလုပ်သမား သမဂ္ဂ များ စုပေါင်းဗဟိုရုံး ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုရုံးခန်းအား လက်ရှိတွင် လှိုင်သာယာမြို့နယ်အတွင်းရှိ စက်ရုံအလိုက်ဖွဲ့စည်းထားသော အလုပ်သမားသမဂ္ဂ ၁၅ ခုကို စုစည်း၍ အမှတ် ၈၈၊ ပီမိုးနင်း လမ်း၊ ၂/၆ ရပ်ကွက်၊ လှိုင်သာယာမြို့နယ်တွင် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း၊ နောက်ပိုင်းတွင် မြန်မာ တနိုင်ငံ လုံးမှ အလုပ်သမားအဖွဲ့များနှင့် ဆက်သွယ်၍ စုပေါင်းလုပ် ဆောင်သွား မည်ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုဇော်ရမ်းက ပြောပြသည်။
Read more of this post

အရန်ဆန်ထုတ်ရောင်းသော်လည်း ဆန်ကြမ်းဈေးမကျဖြစ်နေ

ရန်နိုင်(မြစ်မခ)
2 Oct, 2012

ထုတ်ရောင်းနေသည့်(၂၅)မှတ်အရန်ဆန်များကို ကုန်သည်များက ဝယ်ယူ၍ တရုတ်သို့ တင်ပို့နေခြင်း ကြောင့် လူအများစုစား သုံးနေသည့် ဆန်ကြမ်းဈေးနှုန်း သိသိသာသာကျဆင်းမလာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးချစ်ခိုင်က ဆိုသည်။

“ကျွန်တော်တို့ ဘက်ကနေပြီး တတ်နိုင်သမျှ ဈေးကွက်တည်ငြိမ်အောင်ဆိုပြီး အရန်ဆန်တွေကို ထုတ်ရောင်းခဲ့တာ တစ်လဝန်း ကျင်ရှိနေပါပြီ ဒါပေမယ့် အခုဖြစ်နေ တာက ပြန်ဝယ်ယူတဲ့သူအချို့က ပြည်တွင်းဈေးကွက်အတွက် မဟုတ်ပဲ တရုတ်ကို တင်ပို့နေ ကြတာသိရတယ်”ဟု ဦးချစ်ခိုင်က ပြောကြားခဲ့သည်။
Read more of this post

လေ၌ပင် အဆိပ်သင့်မှုများရှိလာနိုင်၍ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်တောင်းဆို

ထွန်းနေအောင်(မြစ်မခ)
2 Oct, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သဘာဝလေ၌ပင် အဆိပ်သင့်မှုများရှိလာနိုင်သည်ဟု ပတ်ဝန်းကျင်ထိန်း သိမ်းရေး ပညာရှင် များကသုံး သပ်သည့်အပေါ်တွင် ကြိုတင်ကာကွယ်နိုင်ရန်အတွက် စီမံကိန်းရပ်တန့်သင့် သည်ဟု ဒေသခံများက တောင်း ဆိုနေကြသည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းကလည်း အဆိုပါစီမံကိန်းကြောင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှု ရှိနိုင်ပါက ပြန် လည်ရုပ်သိမ်းနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့တွင် ပြုလုပ်ခဲ့သော မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် ပြော ကြားခဲ့သည်။
Read more of this post

i-Phone 5 နာနို Sim Card များအတွက် ဖုန်းဆိုင်များက ၀န်ဆောင်မှုပေးမည်

ဥာဏ်ဥာဏ် (မြစ်မခ)
2 Oct, 2012

Appleမှ နောက်ဆုံးထုတ်လုပ်သည့် i-Phone 5 အတွက် နာနို Sim Card များပြုလုပ်ရန်  ပြည်တွင်းရှိ နာမည်ကြီး ဖုန်းဆိုင်အများစုမှ ၀န်ဆောင်မှုပေးသွား မည်ဖြစ် ကြောင်း  KMD mobile Corner ကသိရှိရသည်။

Apple မှထုတ်လုပ်ထားသော i-Phone 5 တွင်ထည့်သွင်း အသုံးပြုသော ဆင်းကဒ်အမျိုးအစားများမှာ  Nano Sim Card အမျိုးအစား ဖြစ်ပြီးပြည်တွင်း လက်ရှိအသုံးပြုနေသော ဆင်းကဒ်သည် Micro မိုက်ခရို ဆင်းကဒ် အမျိုးအစားဖြစ်သောကြောင့် i-Phone 5 သည် ပြည်းတွင်းတွင် သုံးစွဲနေသော လက်ရှိဆင်းကဒ် အရွယ်အစား နှင့် မတူညီခြင်းကြောင့် တိုက်ရိုက်အသုံးပြု၍ မရသည့် အနေအထားဖြစ်သည်။
Read more of this post

သမ္မတဦးသိန်းစိန် နိုင်ငံရေးအမြတ်ထုတ်ဟု ကေအိုင်အို တုန့်ပြန်

2 Oct, 2012

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စု ခရီးစဉ် ၌ပြောကြားခဲ့သော သဘောထား များမှာ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်းသာဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် ကေအိုင်အို ဒုတိ  ယ နိုင်ငံခြားရေးတာဝန်ခံက ဆိုသည်။

“ဦးသိန်းစိန်က တိုင်းပြည်ရဲ့သမ္မတဖြစ်တယ်။ နိုင်ငံတကာမှာသူ ပြောချင်တာ ပြောလို့ရတယ်။ အဲ့ဒါက သူရဲ့တာဝန်။ အခုပြောသွား တာက မျက်လှည့်ပြ တာပဲ၊ နိုင်ငံရေးအရ ပြောသွားတာပဲဖြစ်တယ်” ဟု ကေအိုင်အို ဒု-နိုင်ငံခြားရေးတာဝန်ခံ ဦးဂျိမ်းလွမ်ဒေါင်း (James Lun Dau) က ပြောသည်။
Read more of this post