တပ်မတော်(ကြည်း) တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်များရဲ့ဘ၀ – အပိုင်း (၂)

29 October 2012

တပ်မတော်(ကြည်း) တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်များရဲ့ဘ၀ – အပိုင်း (၁) ကို ဒီနေရာတွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

ယနေ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ တပ်မတော်အောက်ခြေဟာ ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံမှု မရှိသည့်အားလျော်စွာ တပ်မတော်သား တွေကရော ပြုပြင်ပြောင်းလဲရေး အသီးအပွင့်တွေ တကယ်ကော ခံစားခွင့် ရရှိကြရဲ့လားဆိုတာကို ပြည်သူလူထုက တစေ့တစောင်း သိချင်နေကြပါတယ်။ ရှေးဦးစွာ တပ်မတော်အတွင်း အခြေခံအကျဆုံး တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ/စစ်သည်တွေကို တပ်ထဲမှာ နေပျော်အောင် ဘယ်လို ပြုလုပ်ထားရမယ်ဆိုတဲ့ အထက်ဌာနရဲ့ စီမံချက်တွေကို သိရှိအောင် စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုက်ဒ်မှ တင်ပြပေးလိုက်ပါတယ်။
Read more of this post

“၀” ၊ မိုင်းလား အဖွဲ့များ နှင့် ကာချုပ် တွေ့ဆုံ

ရန်ပိုင်
October 8, 2012

ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်နယ်စပ်အခြေစိုက် အပစ်ရပ် အဖွဲ့များဖြစ်သည့် ၀ပြည် သွေးစည်ညီညွတ်ရေး အဖွဲ့ (UWSA)၊ မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ခေါင်းဆောင်များနှင့် ရှမ်းပြည် အရှေ့ ပိုင်း ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ်တွင် ပြီးခဲသည့် စနေနေ့က  တွေ့ဆုံဆွေးနွေးသည်။
Read more of this post

စစ်ဦးစီးအရာရှိချုပ် (ကြည်း) အဖြစ် ဗိုလ်ချုပ်မြထွန်းဦးအား ခန့်အပ်လာခြင်း

25 September 2012

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယခင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြထွန်းဦးအား စစ်ဦးစီးအရာ ရှိချုပ် (ကြည်း)အဖြစ် ခန့်အပ်လိုက်တယ်လို့ စစ်ရုံးနဲ့နီးစပ်သူများက မကြာသေးမီကလေးကပဲ သတင်းပို့လာပါတယ်။ ဗိုလ်ချုပ်မြထွန်းဦးဟာ ကြည်း ၁၈၁၃၃ B.Sc DSA (၂၅) ကျောင်းဆင်းဖြစ်ပြီး ဆိပ်ကြီးခနောင်တိုဇာတိ ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်၊ မေလ (၄) ရက်နေ့မှာ မွေးဖွားခဲ့ပြီး ဇနီး အမည်ကတော့ ဒေါ်သက်သက်မောင်လို့ သိရပါတယ်။ ယခင်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ စစ်ဦးစီးအရာရှိ(ပထမတန်း)(စစ်ဖက်ရေးရာလုံခြုံရေး) အဖြစ်တာဝန်ယူခဲ့စဉ်က KNU မှ ဗိုလ်ချုပ်ထိန်မောင်ကို သွားရောက်စည်းရုံးခေါ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ စရဖ စတင်ဖွဲ့စည်းခဲ့စဉ်က စရဖချုပ်ဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် (ယခု မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်) က ခေါ်ယူ တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ Read more of this post

မြန်မာ့တပ်မတော်ကို ဘယ်လို ကူညီရမလဲ

September 22, 2012

ပြီးခဲ့တဲ့အပတ်က အမေရိကန် နိုင်ငံခြားရေးမူဝါဒ ချမှတ်မှုအပေါ် ဩဇာရှိတဲ့ ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (Center for Strategic and International Studies – CSIS) က  အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့တပ်မတော်နဲ့ စစ်ရေးအချိတ်အဆက်တွေ ပိုအားကောင်းအောင် လုပ်သင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပြီး များမကြာခင် မြန်မာ့တပ်မတော်နဲ့ စစ်ရေးပူးတွဲ လုပ်ဆောင်ဖို့ တပ်မတော် အရာရှိများကို သင်တန်းပေးဖို့ အလားအလာတွေကို အမေရိကန်နဲ့ မြန်မာ စစ်ဘက် အရာရှိတွေ ဆွေးနွေး ညှိနှိုင်းနေကြပြီ ဆိုတာကြောင့် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ အများအပြား မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ ကလေးစစ်သား သုံးတာ၊ ပေါ်တာဆွဲတာ၊ အရပ်သားတွေကို နှိပ်စက်တာလို ဖိနှိပ်မှုတွေနဲ့ နာမည်ပျက်လာခဲ့တာ ဆယ်စုနှစ်နဲ့ ချီ ကြာခဲ့တဲ့ မြန်မာစစ်တပ်ကို ဘယ်လို လူရာပြန်သွင်းကြမှာလဲ။ Read more of this post

အစိုးရတပ်နှင့် ကေအိုင်အို တိုက်ပွဲဖြစ်ပွား

2012-09-20

ကေအိုင်အို လိုင်ဇာဌာနချုပ်နဲ့ ၇ မိုင်လောက်သာဝေးတဲ့ ဒေသမှာ ဒီလ ၁၈ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ကေအိုင်အို ဘက်က ပြောပါတယ်။

ဒီလ ၁၈ ရက်နေ့က ကေအိုင်အို တပ်မဟာ ၅ လက်အောက် တပ်ရင်း ၂၄ ဒေသမှာ အစိုးရရဲ့ မြောက်ပိုင်းတိုင်း လက်အောက် ခံတပ်နဲ့ ကေအိုင်အို တပ်တွေ တိုက်ပွဲဖြစ်ခဲ့တာကို ကေအိုင်အို ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပါတယ်။ Read more of this post

တပ်မတော်ပါသရွေ့ ဒီမိုကရေစီ ပြောင်းလဲရေး နောက်ကြောင်း ပြန်မလှည့်နိုင်

18.09.2012

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို တပ်မတော်က အပြည့် အ၀ ထောက်ခံပံ့ပိုးပေးနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီရဲ့ လမ်းကြောင်း ဟာ နောက်ကြောင်းပြန်ပြီး လှည့်စရာ အကြောင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ (၁၈) ရက်နေ့ ဗွီအို အေ အင်္ဂလိပ်ပိုင်း အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်း ခန်းမှာ ပြောကြားခဲ့ပါတယ်။
Read more of this post

အောက်ခြေ အရာရှိ စစ်သည်များအရေး

ဆောင်းပါးရှင် – တပ်မတော်သားဟောင်းတစ်ဦး

မကြာသေးမှီက အပစ်ရပ်အဖွဲ့တစ်ခုရဲ့ခေါင်းဆောင် လုပ်ဖေါ်ကိုင်ဘက်ဟောင်းတစ်ဦးနဲ့ နအဖတပ် အောက်ခြေ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများအရေး ဆွေးနွေးဖြစ်ကြတယ်။ အဲဒီအပစ်ရပ်အဖွဲ့အစည်း ခေါင်းဆောင်ရဲ့ နယ်မြေနဲ့ ဆက်စပ်နယ်မြေတစ်ဝိုက်မှာ နအဖ တိုက်ခိုက်ရေး တပ်ရင်း (၉၀) ကျော်ရှိတယ်။ အဲဒီတပ်ရင်းတွေက အောက်ခြေ အကြပ် တပ်သားတွေဟာ နေ့စဉ်လိုလို ထွက်ပြေးနေကြတယ်။ တပ်ပြေးမရှိတဲ့ တပ်ရင်း၊ တပ်ပြေးမရှိတဲ့ နေ့ရယ်လို့မရှိဘူး။ နေ့စဉ်လိုလို တပ်ရင်းတစ်ခုမဟုတ် တစ်ခုက ပြေးနေကြတာ ဖြစ်တယ်။ နေ့စဉ်ပျှမ်းမျှ တပ်ပြေး အရေအတွက်ဟာ တပ်စိတ်တစ်စိတ်ခန့် ရှိတယ်။

တချို့က လက်နက်ခဲယမ်းပါ ယူပြေးတယ်။ တချို့က လက်နက်မဲ့ ပြေးတယ်။ တစ်ကိုယ်တော် ပြေးသူတွေရှိသလို (၂) ယောက် (၃) ယောက်အစုနဲ့ ပြေး တာမျိုးလဲ ရှိတယ်။ တချို့က နီးစပ်ရာ နယ်စပ်ဒေသတွေကို ပြေးတာရှိသလို၊ မိမိအရပ်ကို ပြန်ပြေးကြတာမျိုးလဲ ရှိတယ်။ လွတ်သူရှိသလို ပြန်ဖမ်းမိသူတွေလဲ ရှိတယ်။ ပြန်မိရင်တော့ မသက်သာဘူး၊ အကြီးအကျယ် နှိပ်စက်ခံကြရတယ်။ လက်နက်မဲ့ပြေးသူပြန်မိရင် တပ်မှာ ပြန်အမှုထမ်းရတယ်။ လက်နက်နဲ့ပြေးသူကိုတော့ အတင်းလိုက်တိုက်တယ်။ ပြန်မိရင်တော့ အသတ်ပစ်ခံရတယ်။ Read more of this post

စစ်မှန်သော အမိ၊ အဖ

ပေးပို့သူ ဆောင်းပါးရှင် – ပြည်တွင်းမှ တပ်မတော်သားဟောင်းတစ်ဦး  စာဖတ်ပရိသတ်များခင်ဗျား

တပ်မတော်သာ အမိ အဖ ဆိုရင် ပြည်သူတွေကို အခုလို ဒုက္ခဆင်းရဲရောက်အောင်  လုပ်ရက်ပါ့မလား၊ စီးပွါးရေးလုပ်ငန်းကြီး တွေကို အခုလို ချုပ်ကိုင်ပြီး  မတရား အခွင့် အရေး ယူပါ့မလား၊ တခြားမပြောပါနဲ့ နာဂစ်မုန်တိုင်း ၀င်တဲ့  အချိန်မှာတောင် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ဂရုစိုက်ရကောင်းမှန်းမသိဘဲ  ငါ့မိန်းမ၊ ငါ့သား၊ ငါ့သမီး၊ ငါ့ဆွေမျိုး ကောင်းစားရေးကလွဲလို့  တိုင်းပြည်မျက်နှာကို မထောက်၊ အာဏာရူးဖို့ တစ်ခုသာသိတဲ့ စစ်အာဏာရှင်  တစ်စုကြောင့် တပ်မတော်လည်း ပြည်သူနဲ့ သွေးခွဲခံထားရတယ်။ တပ်မတော်သားတွေဟာ  ပြည်သူ့ရင်သွေးတွေ ဖြစ်လို့ ပြည်သူလူထုကို ဦးထိပ်ပန်ဆင်ရမယ်၊  သွေးခွဲထားတဲ့ အာဏာရှင်တစ်စုကို မောင်းထုတ်ပြီး စစ်မှန် လွတ်လပ်၊  တရားမျှတ၊ တိုးတက်တဲ့ အမိ မြန်မာနိုင်ငံတော်ကြီး ကို တည်ဆောက်ဖို့  ပြည်သူလူထုနဲ့ အတူ ပူးပေါင်းရမယ်၊ ဒါတွေကို ရှင်း ရှင်းလင်းလင်း သိစေဖို့  ပင်တိုင်ဆောင်းပါးရှင် ဆရာ ဂါမဏိ မှတဆင့် ပြည်တွင်းမှ  တပ်မတော်သားဟောင်းတစ်ဦးက ကျွန်တော် ကိုဖိုးတရုတ်ထံကို ဆောင်းပါးတစ်ပုဒ်  ရေးသား ပေးပို့လာရာ စာဖတ်ပရိသတ်များအား ဒီကနေ့ တင်ပြပေးလိုက်ပါတယ်။ အခုလို  ပေးပို့လာတဲ့အတွက် ဆောင်းပါးရှင်အား အထူး ကျေးဇူးတင်ရှိပါကြောင်း “  စည်းလုံးခြင်းရဲ့ အင်အား” မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။ Read more of this post

ဦးသန်းရွှေရဲ့ တပည့်မွေးဗျူဟာ – အပိုင်း (၂)

ဒီတစ်ကြိမ်တော့ လုံခြုံရေးအရ မေးမြန်း ဆွေးနွေးခန်း ပုံစံထက် သတင်းဆောင်းပါး အနေအထားဖြင့် အငြိမ်းစား တပ်ရင်းမှူးဟောင်း ဒုဗိုလ်မှူးကြီး တစ်ဦးရဲ့ ကိုယ်တွေ့ ပေးပို့လာချက်ကို ဖေါ်ပြ ပေးလိုက်ပါတယ်။

ဦးသန်းရွှေရဲ့ တပည့်ရင်းတစ်ဦးဖြစ်တဲ့ စစ်ဘက်လက်ထောက် ဗိုလ်ချုပ်နေဝင်းဟာ အလုပ်သင်ဗိုလ်၊ ဗိုလ်လောင်းအပတ်စဉ် (၁) တေဇကျောင်းဆင်း ဖြစ်ပါ တယ်။ ဦးသန်းရွှေ ခလရ (၁) တပ်ရင်းမှူး ဖြစ်ကတည်းက ဒုဗိုလ်၊ ဗိုလ်အဆင့်နဲ့ အနီးကပ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၈ခုနှစ် နဝတ တက်ခါစက ခလရ (၉၁) မှော်ဘီမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးနေဝင်းကို စမ်းချောင်းမြို့နယ် မဝတဥက္ကဌအဖြစ် ပူးတွဲတာဝန်ယူစဉ် ကျွန်တော် ဦးစွာဆုံတွေ့ခဲ့ပါတယ်။ သူ့ကို ကျွန်တော် အလုပ်ကိစ္စတစ်ခုနဲ့ သွားရောက် အကူအညီ တောင်းခံခဲ့ရာ ကိုနေဝင်းဟာ လျောလျောလျူလျူ လုပ်ပေးခဲ့ပါတယ်။  ထိုစဉ်က ကျွန်တော်ဟာ အထက်ဌာန (စစ်ဌာနချုပ်) ရုံးတစ်ခုမှာ တာဝန်ထမ်းဆောင်နေလို့ အကိုကြီး လိုအပ်တာရှိရင် ဖုန်းဆက်ပါလို့ ကွန်တော်ပြောခဲ့ရာ ကိုနေဝင်းက ရီကြဲကြဲနဲ့ မောင်ရင်တို့ အထက်ဌာနဆိုရင် ကြောက်နေရတယ်။ မတောင်းဝံ့ဘူးကွာ လို့ ပြန်ပြောပါတယ်။ ထိုစဉ်က ကျွန်တော်လည်း သူ့ကို ဦးသန်းရွှေ တပည့်ရင်းမှန်း မသိသေးလို့ လျှော့တွက်မိပါတယ်။ Read more of this post

ဦးသန်းရွှေရဲ့ တပည့်မွေးဗျူဟာ – အပိုင်း (၁)

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဟာ တပည့်များကို  ဘယ်လိုနေရာပေး ဆွဲတင်လာခဲ့တယ်ဆိုတာရယ် တပည့်များရဲ့ တပ်တွင်းဆက်ဆံရေး  အနေအထား အခြေအနေတွေ ဘယ်လိုရှိတယ် ဆိုတာတွေကို စာဖတ်ပရိတ်သတ် အများစုက  သိချင်နေကြပါတယ်။

ဒါကြောင့် စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် http://www.photayokeking.org  အယ်ဒီတာအနေနဲ့ ပြည်တွင်းရှိ စစ်ဖက်နီးစပ်သူများနှင့် လက်ရှိ တာဝန်ထမ်းဆောင်နေ သူများကို ဆက်သွယ်မေးမြန်းပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။ Read more of this post