“ံHellman-Hammett” ဆု ကိုဇော်သက်ထွေးရရှိ

2012-09-17

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ကမ္ဘာတ၀ှမ်းမှာ လူ့ အခွင့်အရေး ဖိနှိပ်ခံ နေရတဲ့ စာရေးဆရာတွေကို နှစ်စဉ်ချီးမြှင့်နေတဲ့ “ံHellman- Hammett” ဆုကို ဒီနှစ်အတွက် မြန်မာ နိုင်ငံ က သတင်းသမား၊ စာရေးဆရာ၊ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇော်သက်ထွေးကို ချီးမြှင့်လိုက်ပါတယ်။

ဒီဆုကို မြန်မာနိုင်ငံမှာပဲ အခမ်းအနားနဲ့ လက်ခံရယူမှာ ဖြစ်တယ်လို့ ကိုဇော်သက်ထွေးကပြောပါတယ်။ Read more of this post

စာနယ်ဇင်းကောင်စီ (ယာယီ) ဖွဲ့စည်း

2012-09-17

စာနယ်ဇင်း ဥပဒေကြမ်းရေးဆွဲဖို့ ရည်ရွယ်ချက်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) ကို ရန်ကုန်မြို့၊ တာမွေမြို့နယ်က ချက်ထရီယံဟိုတယ်မှာ ဒီကနေ့ အစည်းအဝေး ပြုလုပ်ပြီး ဖွဲ့စည်းလိုက်ပါတယ်။

စာနယ်ဇင်းကောင်စီမှာ ပါဝင်ဖို့ အတွက် သတင်းမီဒီယာနဲ့ ဆက်စပ်အဖွဲ့အစည်း အသီးသီးက သက်ဆိုင်ရာ ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးခဲ့ပြီး ဒီကိုယ်စား လှယ် တွေထဲက တချို့ကို စာနယ်ဇင်းကောင်စီ (ယာယီ) ဖွဲ့စည်းတဲ့အခါမှာ ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူးနဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး နေရာတွေအတွက် အများဆန္ဒနဲ့ ထပ်မံရွေးချယ်ခဲ့တယ်လို့ ဒီကနေ့ ဖွဲ့စည်းလိုက်တဲ့ စာနယ်ဇင်းကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းဆွေက RFA ကို ပြောပါတယ်။ Read more of this post

ကုလအကြံပေး ပုဂ္ဂိုလ် မြန်မာ ခရီးစဉ် အဆုံးသတ်

17.09.2012

မြန်မာနိုင်ငံကို စက်တင်ဘာလ ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ ၅ ရက်ကြာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ Vijay Nambiar ဟာ သူ့ရဲ့ ခရီးစဉ်ကို ဒီကနေ့ အဆုံးသတ်လိုက်ပါပြီ။ခရီးစဉ် အတွင်း မစ္စတာ နမ်ဘီယား ဟာ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေး ပု၈္ဂိုလ် တွေ အပြင်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်ချုပ် သိန်းဌေး၊ သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ပထမဆုံး အမျိုးသမီး ၀န်ကြီးဖြစ်တဲ့ ဒေါ်မြတ်မြတ်အုန်းခင်နဲ့ ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ Read more of this post