KIA နောက်မှာ ဘာရှိနေသလဲ

24 September 2012

KIA အနေနဲ့ စစ်တပ်က ဖိအားပေး စစ်ဆင်နေမှုကို ကြံ့ကြံ့ခံ ခုခံ ရပ်တည်နေတဲ့အပေါ် သူ့ရဲ့နောက်မှာ အင်အားကြီး နိုင်ငံတစ်ခုက ထောက်ခံအားပေးနေတာ ဖြစ်နိုင် တယ်လို့ စစ်ဖက်နီးစပ်သူများက အခုလို သုံးသပ် တင်ပြလာပါတယ်။ အနီးစပ်ဆုံး ဖြစ်စဉ်များအရ  KIA နဲ့ အစိုးရ တွေ့ဆုံဆွေးနွေးမယ့် နေရာကို ရွေးချယ်ခဲ့ရာမှာ အစိုးရ အလိုကျ နေရာများကို KIA ကပယ်ချပြီး တရုတ်နိုင်ငံအတွင်းမှာသာ ကျင်းပရေး KIA က တောင်းဆိုခဲ့ပါတယ်။ ဒါကို အစိုးရက စိတ်အနှောင့်အယှက်ဖြစ်ကာ ဘ၀င်မကျ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
Read more of this post

Advertisements

စစ်ဦးစီးအရာရှိချုပ် (ကြည်း) အဖြစ် ဗိုလ်ချုပ်မြထွန်းဦးအား ခန့်အပ်လာခြင်း

25 September 2012

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယခင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြထွန်းဦးအား စစ်ဦးစီးအရာ ရှိချုပ် (ကြည်း)အဖြစ် ခန့်အပ်လိုက်တယ်လို့ စစ်ရုံးနဲ့နီးစပ်သူများက မကြာသေးမီကလေးကပဲ သတင်းပို့လာပါတယ်။ ဗိုလ်ချုပ်မြထွန်းဦးဟာ ကြည်း ၁၈၁၃၃ B.Sc DSA (၂၅) ကျောင်းဆင်းဖြစ်ပြီး ဆိပ်ကြီးခနောင်တိုဇာတိ ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်၊ မေလ (၄) ရက်နေ့မှာ မွေးဖွားခဲ့ပြီး ဇနီး အမည်ကတော့ ဒေါ်သက်သက်မောင်လို့ သိရပါတယ်။ ယခင်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ စစ်ဦးစီးအရာရှိ(ပထမတန်း)(စစ်ဖက်ရေးရာလုံခြုံရေး) အဖြစ်တာဝန်ယူခဲ့စဉ်က KNU မှ ဗိုလ်ချုပ်ထိန်မောင်ကို သွားရောက်စည်းရုံးခေါ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ စရဖ စတင်ဖွဲ့စည်းခဲ့စဉ်က စရဖချုပ်ဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် (ယခု မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်) က ခေါ်ယူ တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ Read more of this post

မြန်မာ့တပ်မတော် (ရေ)၏ ရေတပ်စစ်ရေးလေ့ကျင့်မှု

မြန်မာ့တပ်မတော် (ရေ)သည် မိမိပြည်တွင်းထုတ် တိုက်ခိုက်ရေးအမြန်ယာဉ်များ ၊ ကော်ဗတ်စစ်ရေယာဉ်ကြီးများအပြင် ဖရီးဂိတ်စစ်ရေယာဉ်ကြီးများကို အဆင့်အတ န်း မြှင်းမားစွာ တပ်ဆင်ထုတ်လုပ်နိုင်နေပြီဖြစ်ပါသည်။ မိမိတို့ပြည်တွင်းထုတ် စစ်ရေယာဉ်များအပြင် နည်းပညာ၊ဒီဇိုင်းနှင့်  စွမ်းဆောင်ရည်စသည့် အချက်လက်များ လေ့လာနိုင်စေရန် ရည်ရွှယ်၍လည်း ပြည်ပနိုင်ငံများမှ ဖရီးဂိတ်စစ်ရေယာဉ်များဝယ်ယူဖြည့်တင်းခဲ့ပါသည်။ ထိုကဲ့သို့သော ဝယ်ယူမှုများအနက် တရုပ်ရေတပ်သုံး ဖရီးဂိတ်စစ်ရေယာဉ်များသည် အထင်ရှားဆုံးဖြစ်သည်။ Read more of this post

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး အမှတ်တရ အထူးအစီအစဉ်

21 September 2012

ာဖတ်ပရိတ်သတ်များ ခင်ဗျား
ဒီအစီရင်ခံစာဟာ နအဖရဲ့ အတွင်းသတင်း အစီရင်ခံစာဖြစ်လို့ ပေးပို့လာသူ KM အား  ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူး တင်ရှိပါတယ်။ နအဖရဲ့ အစီရင်ခံစာကို  KM မှ “စည်းလုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်သို့ ပေးပို့ ထားသည်မှာ  အနည်းငယ် ကြာမြင့်နေပြီ ဖြစ်ပါတယ်။  ဤ၀က်ဘ်ဆိုဒ်ကို ရန်သူမှ  တိုက်ခိုက်နေသည်နှင့် ကြုံတွေ့နေရ သဖြင့် ၀က်ဘ်ဆိုဒ်ကို ယာယီရပ်ဆိုင်း၍  ပြန်လည် ပြုပြင်နေရခြင်းကြောင့် ယခုလို နောက်ကျပြီးမှ တင်ပြရသည်ကို  ခွင့်လွှတ်စေချင်ပါတယ်။ ဤအစီရင်ခံစာတွင် ပါရှိသော ရဲမှူးချုပ် သန်းဟန်ဟာ  ရွှေဘိုခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌအဖြစ်  ဆောင်ရွက်နေချိန်မှာ Read more of this post

မြန်မာ့တပ်မတော်ကို ဘယ်လို ကူညီရမလဲ

September 22, 2012

ပြီးခဲ့တဲ့အပတ်က အမေရိကန် နိုင်ငံခြားရေးမူဝါဒ ချမှတ်မှုအပေါ် ဩဇာရှိတဲ့ ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (Center for Strategic and International Studies – CSIS) က  အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့တပ်မတော်နဲ့ စစ်ရေးအချိတ်အဆက်တွေ ပိုအားကောင်းအောင် လုပ်သင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပြီး များမကြာခင် မြန်မာ့တပ်မတော်နဲ့ စစ်ရေးပူးတွဲ လုပ်ဆောင်ဖို့ တပ်မတော် အရာရှိများကို သင်တန်းပေးဖို့ အလားအလာတွေကို အမေရိကန်နဲ့ မြန်မာ စစ်ဘက် အရာရှိတွေ ဆွေးနွေး ညှိနှိုင်းနေကြပြီ ဆိုတာကြောင့် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ အများအပြား မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ ကလေးစစ်သား သုံးတာ၊ ပေါ်တာဆွဲတာ၊ အရပ်သားတွေကို နှိပ်စက်တာလို ဖိနှိပ်မှုတွေနဲ့ နာမည်ပျက်လာခဲ့တာ ဆယ်စုနှစ်နဲ့ ချီ ကြာခဲ့တဲ့ မြန်မာစစ်တပ်ကို ဘယ်လို လူရာပြန်သွင်းကြမှာလဲ။ Read more of this post

သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice ဂျာနယ်အမှု စွဲချက်တင်ဖို့ အမိန့်ချ

2012-09-20

သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်ကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၀ နှင့် တရားစွဲဆိုထားမှုကို စွဲချက်တင်သင့်၊ မတင် သင့် ဒဂုံမြို့နယ်တရားရုံးမှာ ဒီကနေ့ မနက်ပိုင်းက ကြားနာစစ်ဆေးခဲ့ပြီး တရားသူကြီးက စွပ်စွဲချက်တင်ဖို့ အမိန့်ချလိုက် တယ်လို့ သိရပါတယ်။

မြို့နယ်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို တိတိကျကျ သိရပြီဖြစ်တဲ့အတွက် တိုင်းဒေသကြီး တရားရုံးကနေ ပြည်ထောင်စု တရားရုံးအထိ အဆင့်ဆင့် အယူခံ တင်သွားဖို့ စီစဉ်ထားတယ်လို့ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက RFA ကိုအခုလို ပြောပါတယ်။ Read more of this post

ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေး အာဏာပိုင်ကန့်သတ်

2012-09-20

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်မှာ လာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်မယ့် ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေးနဲ့ ပတ်သက်ပြီး ဒေသ အာဏာပိုင်တွေဘက်က ဒီကနေ့မှာ ကန့်သတ်မှုတွေ ပြုလုပ်လိုက်တယ်လို့ သိရပါတယ်။

ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေး ပင်မကော်မတီက တာဝန်ရှိသူတွေကို ဒီကနေ့မနက် ၈ နာရီလောက်မှာ အာဏာပိုင် တွေက လာရောက်ခေါ်ယူပြီး အဲဒီလို ကန့်သတ်လိုက်တာ ဖြစ်တယ်လို့ ပင်မကော်မတီမှာ ပါဝင်တဲ့ ကိုတေးနွယ်အောင်က RFA ကို ပြောပြပါတယ်။ Read more of this post