ရှားခဲ ဘုံစားအင်းဒေသ၌ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အကူအညီရယူရန် တိုင်းဝန်ကြီးချုပ်မှာကြား

မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)
2 Oct, 2012

ပြဿနာများအကြိမ်ကြိမ်ဖြစ်ပွားခဲ့သည့် ရှားခဲကြီး/ရှားခဲလေးအင်းအား အများငါးရှာခွင့်ရှိသော ဘုံအင်းအဖြစ် သတ်မှတ် လိုက် သော်လည်း ဒေသတွင်း လုံခြုံမှုအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အကူအညီရယူရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်က ဆိုသည်။

ရှားခဲရွာသားများအနေဖြင့် အတူတူငါးဖမ်းလျှင်ပြဿနာများ ပိုမိုဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်နေသည့်အပေါ်တွင် တိုင်းဝန်ကြီးချုပ် က ပြောကြား လိုက်ခြင်း ဖြစ်သည်။
Read more of this post

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူကြမ်း ပြည်သူ့လွှတ်တော်ထံ ပြန်လည်ပေးပို့

2012-09-20

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူကြမ်း (FDI) ကို ပြင်ဆင် ဖြည့်စွက်ဖို့အတွက် နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော်ထံ ပြန်လည် ပေးပို့လိုက်တယ်လို့ အေပီ သတင်းတစ်ပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ ဒေါက်တာ မြဥာဏစိုးက အခုလို ပြောပါတယ်။ Read more of this post

သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ အမေရိကန်တားမြစ်စာရင်းက ပယ်ဖျက်

2012-09-19

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အမေရိ ကန် ဘဏ္ဍာရေးဌာနက မနေ့က ပယ်ဖျက်လို က်ပါတယ်။ တချိန်က စစ်အစိုးရ အဖွဲ့ဝင်တွေ ဖြစ်ခဲ့တဲ့ ဦးသိန်းစိန်နဲ့ သူရ ဦးရွှေ မန်းတို့ကို အထူးတလည် အရေးယူဖို့ သတ်မှတ်ထားတဲ့ နိုင်ငံသားများ စာရင်းကနေ ပယ်ဖျ က်လိုက်တယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာစွန့်လိုက်ပြီးချိန်ကစလို့ ၁၈ လအတွင်း ပြုပြင် ပြောင်းလဲရေးတွေ တွန်းအားပေး လုပ်ဆောင်တဲ့အတွက် နိုင်ငံတကာက ချီးကျူးသူနှစ်ဦးကို စာရင်းက ပယ်ဖျက် လိုက်တာလည်း ဖြစ်ပါတယ်။ Read more of this post

သမ္မတ ဦးသိန်းစိန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး တက်ရောက်မည်

2012-09-17

တရုတ်နိုင်ငံမှာ စက်တင်ဘာလ ၁၈ ရက်ကနေ ၂၂ ရက်နေ့အထိ ကျင်းပမယ့် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြ ပွဲနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်း အဝေး ကို သမ္မတ ဦးသိန်းစိန်တက်ရောက်မှာ ဖြစ်ပါတယ်။

သမ္မတရဲ့ တရုတ်ခရီးစဉ်ဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးတက်လာတဲ့ မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ လည်း ချစ်ခင်ရင်းနှီးမှု ခိုင်ခိုင်မြဲမြဲ ရှိသေး တယ်ဆိုတာ ဖော်ပြလိုတဲ့သဘောမျိုး တွေ့ရတယ်လို့ တရုတ်ပြည်အခြေစိုက် ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းက ပြောပါတယ်။ Read more of this post

ကုလအကြံပေး ပုဂ္ဂိုလ် မြန်မာ ခရီးစဉ် အဆုံးသတ်

17.09.2012

မြန်မာနိုင်ငံကို စက်တင်ဘာလ ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ ၅ ရက်ကြာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ Vijay Nambiar ဟာ သူ့ရဲ့ ခရီးစဉ်ကို ဒီကနေ့ အဆုံးသတ်လိုက်ပါပြီ။ခရီးစဉ် အတွင်း မစ္စတာ နမ်ဘီယား ဟာ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေး ပု၈္ဂိုလ် တွေ အပြင်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်ချုပ် သိန်းဌေး၊ သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ပထမဆုံး အမျိုးသမီး ၀န်ကြီးဖြစ်တဲ့ ဒေါ်မြတ်မြတ်အုန်းခင်နဲ့ ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ Read more of this post

စွမ်းအင် မလုံလောက်၍ စက်မှုလုပ်ငန်းများ မဖွံ့ဖြိုး

ခင်သြ| September 15, 2012

အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုများ တွေ့မြင်လာရသော်လည်း စက်မှုကုန်ထုတ်လုပ်ငန်းများမှာ ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်နေကြောင်း စက်မှုကုန်ထုတ်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများက ပြောဆိုလိုက်သည်။

“လယ်ယာစိုက်ပျိုးရေး စိုက်ပျိုးရေး ကဏ္ဍ၊ ၀န်ဆောင်မှု ကဏ္ဍတွေမှာ ဖွံ့ဖြိုးလာတာ မြင်သာပေမဲ့ စက်မှု လုပ်ငန်း တွေကတော့ ထင်သလောက် တိုးတက်လာတာမရှိဘူး။ ကျွန်တော် တို့ စီမံချက်တွေ ချထားပေမဲ့ ဂျီဒီပီရဲ့ ၂၀ ရာခိုင်နှုန်း လောက်သာ ရှိနေတုန်းပါပဲ” ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက UMFCCI တွင် ယနေ့ပြုလုပ်သည့် စက်မှုကုန်ထုတ်လုပ်သူများအသင်း၏ နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားသည်။ Read more of this post

ကြံ့ခိုင်ရေး ကိုယ်စားလှယ် ဖယ်ရှားရေး လက်မှတ်ထိုး တောင်းဆိုရန် စီစဉ်

ကြယ်ပြာ| September 15, 2012

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်၂ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်အား ကိုယ်စားလှယ် နေရာမှ ဖယ်ရှားပေးရေး လက်မှတ်ထိုး တောင်းဆိုမှုပြုလုပ်ရန် စီစဉ်နေကြသည်။

သစ်တောဦးစီးအရာရှိမှ ဥက္ကံမြို့နယ် တိုက်နယ်ဆေးရုံဝန်ထမ်း အိမ်ရာ ဆောက်လုပ်ရန်အတွက် ထုတ်ယူခွင့်ပြုခဲ့သည် သစ်ရိုင်းများအား ဦးမြင့်အောင်က အာဏာသုံး၍ ဖမ်းဆီးစေခဲ့ခြင်းကြောင့် လုပ်ငန်းရပ်ဆိုင်းသွားရသည့်အတွက် ဆေးရုံ ဘက်စုံဖွံဖြိုးတိုးတက် ရေး ကော်မတီ အဖွဲ့ နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ(တစည)တို့မှ ဦးဆောင် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။ Read more of this post