ရှားခဲအင်း လုံခြုံရေး စိတ်မချရသေး

သန့်စင်ငြိမ်းချမ်း
October 8, 2012

လူ ၃ ဦး သေဆုံးသည်အထိ ပဋိပက္ခများ ဖြစ်ပွားခဲ့သော ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ရှားခဲကျေးရွာသားများမှာ ပဋိပက္ခနောက်ပိုင်း ၎င်းတို့ အသက်အန္တရာယ် လုံခြုံရေး စိတ်မချသဖြင့် နေအိမ်များတွင် စုပေါင်းအိပ်စက်နေရကြောင်း သတင်း ရရှိသည်။

ကိုဝင်းနိုင် (ခေါ်) ကိုတရုတ်ကြီးအား သတ်ဖြတ်ခဲ့သူဟု ရွာသားများက စွပ်စွဲနေကြသည့် ဦးကျော်သိန်း (ခေါ်) ဖိုးလူဝ တို့အဖွဲ့ အား ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခြင်း မရှိသည့်အပြင် ယင်းအဖွဲ့က ရွာသားများအား ခြိမ်းခြောက်မှုများ ရှိနေသည့်အတွက် မိမိ တို့အိမ်တွင် မအိပ်ရဲဘဲ တခြားအိမ်များ၌ စုပေါင်း အိပ်စက်နေရသည်ဟု ရွာသားများက ပြောသည်။
Read more of this post

Advertisements

ရှားခဲ ဘုံစားအင်းဒေသ၌ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အကူအညီရယူရန် တိုင်းဝန်ကြီးချုပ်မှာကြား

မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)
2 Oct, 2012

ပြဿနာများအကြိမ်ကြိမ်ဖြစ်ပွားခဲ့သည့် ရှားခဲကြီး/ရှားခဲလေးအင်းအား အများငါးရှာခွင့်ရှိသော ဘုံအင်းအဖြစ် သတ်မှတ် လိုက် သော်လည်း ဒေသတွင်း လုံခြုံမှုအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အကူအညီရယူရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်က ဆိုသည်။

ရှားခဲရွာသားများအနေဖြင့် အတူတူငါးဖမ်းလျှင်ပြဿနာများ ပိုမိုဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်နေသည့်အပေါ်တွင် တိုင်းဝန်ကြီးချုပ် က ပြောကြား လိုက်ခြင်း ဖြစ်သည်။
Read more of this post

ဧရာဝတီရေတပ်စခန်းအဆောက်အဦးများဆောက်လုပ်ရန် ဒလမြို့နယ်မှလယ်သမားများအား အဓမ္မပြောင်းရွေ့ခိုင်း

ထက်အောင်ခန့် (မြစ်မခ)
by Myit Makha Mediagroup on 2 Oct, 2012

ဒလမြို့နယ် ခနောင်ရွာမနှင့် တုံးတင်ကန်မြောက်ကျေးရွာအုပ်စုမှ လယ်ဧက ၅၀၀ ပေါ်တွင် နေထိုင်သော လယ်သမားများအား ရေတပ်မှ ၂၀၁၃ နှစ်ဆန်းပိုင်း နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းကြောင်း လယ်သမားများက ဆိုသည်။

လယ်သမား (၄၄)ဦးပိုင် ၎င်းလယ်မြေများအား ဧရာဝတီရေတပ်စခန်းဋ္ဌာနချုပ်တပ်ပိုင်မှအဆောက်အဦးများ ပြန်လည် ဆောက် လုပ်မည်ဖြစ်သဖြင့် တပ်ပိုင်မြေပေါ် တွင် စပါးစိုက်ပျိုးခြင်း လယ်စောင့်တဲများနှင့် လူနေအိမ်များကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလကုန် ပိုင်းတွင် နောက်ဆုံးထားကာ အမြန်ဆုံးဖယ်ရှားခိုင်းခြင်းဖြစ်သည်။
Read more of this post

ဧရာဝတီမြစ်ရေတိုး၍ အမရပူရနှင့်တံတားဦးဒေသခံများ အကြပ်တွေ့

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
1 Oct, 2012

ဧရာဝတီမြစ်ရေတိုးလာသောကြောင့် အမရပူရမြို့နယ်တစ်ဝိုက်နှင့် တံတားဦးမြို့နယ်အတွင်း ကျေးရွာများ၌ ရေကြီး၍ စိုက်ပျိုးသီးနှံ ဆုံးရှုံးမှုများရှိပြီး၊ ယက်ကန်းလုပ်ငန်းများလည်း ရပ်နားထားရကြောင်း ဒေသခံတောင်သူများက ဆိုသည်။

“ရေတိုးတာ(၃)ရက်လောက်ပဲ ရှိသေးတယ်၊ တောင်သူတွေစိုက်ထားတဲ့ ပဲခင်းတွေအကုန် မြုပ်ကုန်တာ။ ထယ်ရေးခတွေ ထွန်ခ တွေ အလုပ်သမားခတွေ အကု န်ရှုံးတာပေါ့။”ဟု အမရပူရမြို့နယ်၊ ဖရဲကျွန်း ကျေးရွာ အုပ်စု ဆေးအိုးဖိုကျေးရွာမှ ဦးညွှန့်တင်က ပြောသည်။
Read more of this post

ရှားခဲအင်းကိစ္စအကြမ်းဖက်မှုတွင် သေဆုံးသူနှင့် ဒဏ်ရာရသူများ ရှိ

မျိုးမင်းထွန်း(ပုသိမ်- မြစ်မခ)
1 Oct, 2012

စက်တင်ဘာလ (၂၇)ရက်ည(၉)နာရီခန့်က ကျုံပျော်မြို့နယ်ရှားခဲရွာတွင်ရှားခဲအင်းကိစ္စအကြမ်းဖက်မှုများ ဖြစ်ပွားပြီး ထိုအကြမ်း ဖက်မှုကို နှိမ်နင်းရန် လုံခြုံရေးတပ်ဖွဲ့မှ ပစ်ခတ်မှုကြောင့် (၃)ဦးသေဆုံးပြီး(၂)ဦး ဦးခေါင်းကျည်ထိ ဒဏ်ရာများရရှိခဲ့ ကြောင်းသိရှိ ရသည်။

“ပထမကတော့တပ်ဖွဲ့ဝင်တွေကမိုးပေါ်ထောင်ပစ်သေးတယ် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေနေရောက်မှလူအုပ်ထဲ ကိုပစ်ခဲ့ရတာ ပါ။”ဟု အမည်မဖော်လိုသူကျုံ ပျော်မြို့နယ်မှ ရဲအရာရှိ တစ်ဦးကပြောသည်။ Read more of this post

မြန်မာ့ရေပိုင်နက်အတွင်း မူဆလင်လက်နက်ကိုင်အဖွဲ့ ၀င်ရောက်လာ

2012-09-20

မြန်မာနိုင်ငံ ပင်လယ်ပြင် ရေပိုင်နက်အတွင်း မူဆလင် လက်နက်ကိုင်အဖွဲ့ စက်လှေတစီးနဲ့ ၀င်ရောက်လာတဲ့အတွက် ဧရာဝတီတိုင်း ဖျာပုံခရိုင်အတွင်းက ပင်လယ်နဲ့ နီးတဲ့ ကျေးရွာတွေမှာ ဒီကနေ့ကစလို့ လုံခြုံရေးအဖွဲ့တွေ အရေးပေါ် ဖွဲ့စည်း တာဝန်ပေးအပ်နေတယ်လို့ RFA က စုံစမ်းသိရပါတယ်။

အခုလို အရေးပေါ် လုံခြုံရေးအဖွဲ့တွေ ကျေးရွာအလိုက် ဖွဲ့စည်းနေတာနဲ့ ပတ်သက်လို့ ဖျာပုံခရိုင် အမာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးက စာအမှတ် ၃/၂၀၁၂ နဲ့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်ကို ဒေသခံတစ်ဦးက အခုလို ဖတ်ပြပါတယ်။ Read more of this post

သာပေါင်းမြို့နယ် ရေဘေးထပ်မံကြုံတွေ့

2012-09-16

မကြာသေးခင်က ရေနစ်မြုပ်မှု ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှာ အခုရက်အတွင်း ဒုတိယ မြောက် ရေဘေးနဲ့ ထပ်မံကြုံတွေ့နေရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

သာပေါင်းမြို့နယ်အထက်ပိုင်းက ကွင်းပေါက်၊ ဘုရားကုန်း၊ သရက်ကုန်းနဲ့ခင်တန်းစတဲ့ ကျေးရွာအုပ်စုတွေမှာ ရေနစ်မြုပ်မှုဒဏ် ခံ နေရပြီး ဘုရားကုန်း ကျေးရွာအုပ်စုကတော့ အဆိုးဝါးဆုံး ဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ ကိုယ်ပိုင်နေအိမ်တွေကို စွန့်ခွာပြီး ကုန်းမြင့်ပိုင်းက ဘုန်းတော်ကြီး ကျောင်းတွေမှာ သွားရောက် ခိုလှုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Read more of this post