သမ္မတဦးသိန်းစိန် နိုင်ငံရေးအမြတ်ထုတ်ဟု ကေအိုင်အို တုန့်ပြန်

2 Oct, 2012

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စု ခရီးစဉ် ၌ပြောကြားခဲ့သော သဘောထား များမှာ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်းသာဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် ကေအိုင်အို ဒုတိ  ယ နိုင်ငံခြားရေးတာဝန်ခံက ဆိုသည်။

“ဦးသိန်းစိန်က တိုင်းပြည်ရဲ့သမ္မတဖြစ်တယ်။ နိုင်ငံတကာမှာသူ ပြောချင်တာ ပြောလို့ရတယ်။ အဲ့ဒါက သူရဲ့တာဝန်။ အခုပြောသွား တာက မျက်လှည့်ပြ တာပဲ၊ နိုင်ငံရေးအရ ပြောသွားတာပဲဖြစ်တယ်” ဟု ကေအိုင်အို ဒု-နိုင်ငံခြားရေးတာဝန်ခံ ဦးဂျိမ်းလွမ်ဒေါင်း (James Lun Dau) က ပြောသည်။
Read more of this post

Advertisements

သမ္မတ ဦးသိန်းစိန် မြန်မာနိုင်ငံပြန်လည်ရောက်ရှိ

2012-10-01

အမေရိကန်နိုင်ငံကို(၈)ရက်ကြာခရီး သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ထောင်နဲ့ချီတဲ့ ပြည်သူတွေက ဒီကနေ့ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။

သမ္မတကြီး ဦးသိန်းစိန်ကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ရန်ကုန်တိုင်း ၀န်ကြီးချူပ် ဦးမြင့်ဆွေ၊ သမ္မတအကြံပေး အဖွဲ့ဝင် ဦးတင်မောင်သန်း၊ နိုင်ငံရေး ပါတီတွေ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံကုန်သည်ကြီးများအသင်း စတဲ့စီးပွားရေး အဖွဲ့အစည်းတွေ အပါအ၀င် လူအင်အား (၁၀၀၀) ကျော်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှာ လာရောက် ကြိုဆိုခဲ့ကြပါတယ်။
Read more of this post

သမ္မတ ဦးသိန်းစိန် နဲ့ ဗွီအိုအေသီးသန့် တွေ့ဆုံ မေးမြန်းခန်း

ဦးသန်းလွင်ထွန်း

29.09.2012

သတင်းမီဒီယာတွေဟာ ကိုယ့်တိုင်းပြည်ရဲ့ သိသင့်တဲ့ ကိစ္စတွေကို ကြော်ငြာပေးရာ ရောက်တဲ့ အတွက် ကျေးဇူးတင်တယ်လို့ သမ္မတဦးသိန်းစိန်က ပြောလို က်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောဖို့ အမေရိကန် ပြည်ထောင်စုကို လာခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အပြီး ဗွီအိုအေ မြန်မာ ပိုင်းက သီးသန့် တွေ့ဆုံ မေးမြန်းခဲ့စဉ်မှာ ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ သမ္မတရဲ့ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက် မြို့မှာ တွေ့ဆုံခဲ့တဲ့ကိစ္စ၊ လွှတ်တော်နဲ့ ချိန်ခွင်လျှာညှိ အုပ်ချုပ်တဲ့နေရာမှာ တွေ့ရတဲ့ အခက်အခဲ၊ စီးပွားရေး အကျိုးအမြတ်တွေကို အခွင့်ထူးခံတွေပဲ မခံစားရအောင် ဘယ်လို ကာကွယ်မလဲ ဆိုတဲ့ အမေးတွေကို သမ္မတဦးသိန်းစိန်က ဖြေကြားခဲ့ပါတယ်။ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ သမ္မတဦးသိန်းစိန်တို့ သီးသန့် တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။
Read more of this post

သမ္မတဦးသိန်းစိန်ကို မြန်မာလူထု လိုက်လှဲစွာ ကြိုဆို

ကိုဇော်ဝင်းလှိုင်

01.10.2012

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပတဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ပြီး ဒီကနေ့မနက်မှာ ရန်ကုန်မြို့ကို ပြန်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်ကို မြန်မာပြည်သူတွေနဲ့အတူ နိုင်ငံရေးပါတီတွေ၊ အနုပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ သွားရောက် ကြိုဆိုခဲ့ကြတာပါ။ ဒါဟာ သမ္မတရဲ့ ခရီးစဉ်အတွင်း အောင်မြင်မှုရခဲ့တာတွေကြောင့် လူထုက ကြိုဆိုတာဖြစ်နိုင်တယ်လို့ နိုင်ငံရေးပါတီတွေက သုံးသပ်ပြောဆိုသလို အရင် အာဏာရှင်လ က်ထက်မှာ တွေ့ကြုံခဲ့တဲ့အခြေအနေတွေနဲ့ မတူပဲ ထူးခြားတဲ့ အတွေ့အကြုံဖြစ်တာကြောင့် သမ္မတအနေနဲ့ အံ့အားသင့်ပြီး ၀မ်းသာမှုဖြစ်ခဲ့ရတယ်လို့ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ြ ပပေး ပါမယ်။
Read more of this post

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူကြမ်း ပြည်သူ့လွှတ်တော်ထံ ပြန်လည်ပေးပို့

2012-09-20

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူကြမ်း (FDI) ကို ပြင်ဆင် ဖြည့်စွက်ဖို့အတွက် နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော်ထံ ပြန်လည် ပေးပို့လိုက်တယ်လို့ အေပီ သတင်းတစ်ပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ ဒေါက်တာ မြဥာဏစိုးက အခုလို ပြောပါတယ်။ Read more of this post

သမ္မတဦးသိန်းစိန် အမေရိကန်ရဲ့တားမြစ် စာရင်းက ပယ်ဖျက်

19.09.2012

အမေရိကန် ပြည်ထောင်စုကို ရှေ့သီတင်းပတ်ထဲ ရောက်လာဖို့ ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အပါ အ၀င် အစိုးရ တာဝန်ရှိသူတချို့အပေါ် ပိတ်ပင် တားမြစ်ထားတာ ကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာန က ဖယ်ရှားပေးလိုက်ပါတယ်။ Read more of this post

သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ အမေရိကန်တားမြစ်စာရင်းက ပယ်ဖျက်

2012-09-19

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အမေရိ ကန် ဘဏ္ဍာရေးဌာနက မနေ့က ပယ်ဖျက်လို က်ပါတယ်။ တချိန်က စစ်အစိုးရ အဖွဲ့ဝင်တွေ ဖြစ်ခဲ့တဲ့ ဦးသိန်းစိန်နဲ့ သူရ ဦးရွှေ မန်းတို့ကို အထူးတလည် အရေးယူဖို့ သတ်မှတ်ထားတဲ့ နိုင်ငံသားများ စာရင်းကနေ ပယ်ဖျ က်လိုက်တယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာစွန့်လိုက်ပြီးချိန်ကစလို့ ၁၈ လအတွင်း ပြုပြင် ပြောင်းလဲရေးတွေ တွန်းအားပေး လုပ်ဆောင်တဲ့အတွက် နိုင်ငံတကာက ချီးကျူးသူနှစ်ဦးကို စာရင်းက ပယ်ဖျက် လိုက်တာလည်း ဖြစ်ပါတယ်။ Read more of this post