ဗိုလ်ချုပ်ကြီး တင်ဦး၏ သမိုင်းအကျဉ်း

05 October 2012

ဗိုလ်ချုပ်ကြီးတင်ဦးကို ၁၉၂၇ ခုနှစ်၊မတ်လ(၃)ရက်နေ့တွင် ပုသိမ်မြို့၌မွေးဖွားခဲ့ပါသည်။ ပုသိမ်မြို့၊အမျိုးသားဗဟိုအထက်တန်းကျောင်းတွင်ဆယ်တန်းအောင်သည်အထိ ပညာသင်ကြားခဲ့ပါသည်။ ၁၉၄၃ ခုနှစ်တွင် ဗမာ့တပ်မတော်သို့ ၀င်ရောက်ခဲ့ပြီး တပ်သားအဆင့်ဖြင့် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ မင်္ဂလာဒုံ တတိယပတ် ဗိုလ်လောင်း သင်တန်းသို့ တက်ရောက်ခွင့်ရခဲ့ပြီး ၂၆-၂-၁၉၄၆ ရက်နေ့မှစ၍ ပြန်တမ်းဝင်အမှတ်(၃၆၅၁)၊ဒုဗိုလ် အဆင့်ဖြင့် ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် အုပ်ချုပ်မှုအရာရှိအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၇-၁-၁၉၄၇ တွင် ဗိုလ်အဆင့်သို့လည်းကောင်း၊ ၂၇-၉-၁၉၄၈ တွင် ဗိုလ်ကြီး အဆင့်သို့လည်းကောင်း ရရှိခဲ့သည်။ ဗိုလ်ကြီး အဆင့်ဖြင့် လေ့ကျင့်ရေးဌာနချုပ်တွင် တပ်ခွဲအရာရှိတာဝန်များကို ထမ်းဆောင်ခဲ့သည်။
Read more of this post

အာရုဏ်ဦး လွတ်လပ်ရေး (၂)

နေသန်မောင်

01 October 2012

အောင်ဆန်း၏ ငယ်စဉ်ကာလများ

 

မြန်မာနိုင်ငံ တစ်ခုလုံးကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် နှစ်ပေါင်း ၃၀ အကြာ မြန်မာ့နိုင်ငံရေး ခေတ်သစ် သမိုင်း၌ အရေးပါ အရာရောက်မည့် သူတစ်ဦးကို အပူပိုင်း ဒေသ အလယ်ပိုင်း အရပ်တွင် မွေးဖွား ခဲ့လေသည်။ မကွေးတိုင်း နတ်မောက်မြို့ငယ်လေးတွင် လယ်သမား မျိုးရိုးမှ ဆင်းသက်လာသူ ဦးဖာနှင့် ပဒေသရာဇ် မျိုးရိုးမှ ဆင်းသက်လာသူ ဒေါ်စုတို့ အောင်ဆန်းကို ၁၉၁၅၊ ဖေဖော်ဝါရီ ၁၃ တွင် မွေးဖွားခဲ့သည်။ ဦးဖာသည် လယ်သမား မျိုးရိုးမှ ဆင်းသက်လာ သူဖြစ်သော်လည်း လယ်သမား လုပ်ငန်းကို တတ်ကျွမ်းသူ တစ်ဦး မဟုတ် ခဲ့ပေ။ ဦးဖာသည် နတ်မောက်မြို့ ဒီပင်္ကရာ ဘုန်းတော်ကြီး ကျောင်းတွင် ပညာသင်ကြား၍ ရှေ့နေ စာမေးပွဲ ဖြေဆိုပြီးနောက် ရှေ့နေ တစ်ယောက် ဖြစ်လာခဲ့သည်။ ရှေ့နေတစ်ဦး ဆိုသော်လည်း အနေအထိုင် အင်မတန် ရိုးပြီး လောကီ ရေးရာတွင် လိမ္မာ ပါးနပ်မှု မရှိ၊ စကား အလွန်နည်းသူ ဟု သတ်မှတ်ခြင်း ခံရသူ ဖြစ်သည်။

မိခင် ဒေါ်စုမှာ ထက်မြက်လှသော မြန်မာ အမျိုးသမီး တစ်ဦးဖြစ်ပြီး အိမ်ထောင့် စီးပွားကို ဦးစီး ဦးဆောင်ပြု စီမံခန့်ခွဲ ရသူဖြစ်သည်။ ဘုန်းတော်ကြီး ကျောင်းများတွင် အမျိုးသမီးများ စာသင်ကြားခွင့် မရှိ သဖြင့် ဒေါ်စုသည် အတန်းပညာ မတတ်ခဲ့သော်လည်း နှလုံးရည်၊ လက်ရုံးရည်ထက်သော ပဒေသရာဇ် အနွယ်မှ ဆင်းလာသူဖြစ်သည်။ မြန်မာနိုင်ငံကို ကျွန်ပြုခဲ့သည့် ဗြိတိသျှတို့အား ကနဦး ပုန်ကန်ခဲ့သူ မျိုးချစ်များ အနက် ဒေါ်စု၏ ဦးလေးတော်စပ်သူ ဗိုလ်မင်းရောင်မှာ ထင်ရှားသည်။ Read more of this post

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး အမှတ်တရ အထူးအစီအစဉ်

21 September 2012

ာဖတ်ပရိတ်သတ်များ ခင်ဗျား
ဒီအစီရင်ခံစာဟာ နအဖရဲ့ အတွင်းသတင်း အစီရင်ခံစာဖြစ်လို့ ပေးပို့လာသူ KM အား  ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူး တင်ရှိပါတယ်။ နအဖရဲ့ အစီရင်ခံစာကို  KM မှ “စည်းလုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်သို့ ပေးပို့ ထားသည်မှာ  အနည်းငယ် ကြာမြင့်နေပြီ ဖြစ်ပါတယ်။  ဤ၀က်ဘ်ဆိုဒ်ကို ရန်သူမှ  တိုက်ခိုက်နေသည်နှင့် ကြုံတွေ့နေရ သဖြင့် ၀က်ဘ်ဆိုဒ်ကို ယာယီရပ်ဆိုင်း၍  ပြန်လည် ပြုပြင်နေရခြင်းကြောင့် ယခုလို နောက်ကျပြီးမှ တင်ပြရသည်ကို  ခွင့်လွှတ်စေချင်ပါတယ်။ ဤအစီရင်ခံစာတွင် ပါရှိသော ရဲမှူးချုပ် သန်းဟန်ဟာ  ရွှေဘိုခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌအဖြစ်  ဆောင်ရွက်နေချိန်မှာ Read more of this post

ခေတ်သစ် ပြည်သူ့စစ် မဟာဗျူဟာ၏ ပြောင်းလဲ ဖြစ်ပေါ်လာသည့် စစ်ဆင်မှု အယူအဆများ – အပိုင်း (၂)

ဗိုလ်မှူးကြီးဇော်သင်းမြင့်

ဗိုလ်မှူးကြီးဇော်သင်းမြင့်ရဲ့ ခေတ်သစ်ပြည်သူ့စစ်မဟာဗျူဟာ၏ပြောင်းလဲဖြစ်ပေါ်လာသည့် စစ်ဆင်မှုအယူအဆများ အပိုင်း (၁)ကဒီနေရာတွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်….

ပြည်သူ့စစ်မဟာဗျူဟာကို သတင်းစစ်သီအိုရီနှင့် ချိတ်ဆက်ခဲ့ပြီး အရပ်သားများပေါင်းစပ်ပါဝင်သည့် သတင်း အရန်တပ်ဖွဲ့တို့၏ စွမ်းဆောင်ရည်လွှမ်းမိုးနိုင်မှုများ ကျယ်ပြန့်လာ ခဲ့ပါသည်။ ပြည်သူ့စစ်အရန်တပ်ဖွဲ့များသည် ၎င်းတို့၏ မူလတာဝန်ဖြစ်ခဲ့သော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို အထောက်အပံ့ပေးနိုင်ရန် ရည်မှန်း ချက်တာဝန်ကိုကျော်လွန်၍ ၎င်းတို့ပိုင် အင်တာနက်ဝက်ဆိုက်ဒ်များထူထောင်ခြင်းဖြင့် တပ်မတော်၏ ပင်မတပ်ဖွဲ့များ ကိုယ်တိုင်မဆောင်ရွက်နိုင်သည့် လုပ်ငန်းတာဝန်များတွင် အရန်တပ်ဖွဲ့များက ပါဝင်လုပ်ဆောင် နိုင်စွမ်းရှိသည်အထိ အရည်အချင်း စွမ်းဆောင်ရည်တိုးတက်မြင့်မားလာခဲ့ပါသည်။
Read more of this post

ခေတ်သစ် ပြည်သူ့စစ် မဟာဗျူဟာ၏ ပြောင်းလဲ ဖြစ်ပေါ်လာသည့် စစ်ဆင်မှု အယူအဆများ – အပိုင်း (၁)

31 August 2012

ပြုစုတင်ပြသူ – ဗိုလ်မှူးကြီးဇော်သင်းမြင့်

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ်(၇) နှစ်ပတ်လည်စာစောင်ထဲမှာ ပါဝင်သော ဗိုလ်မှူးကြီးဇော်သင်းမြင့်ရဲ့ ဘွဲ့ယူကျမ်းတစ်ခုဖြစ်တဲ့ ခေတ်သစ်ြ ပည်သူ့စစ်မဟာဗျူဟာ၏ပြောင်းလဲဖြစ်ပေါ်လာသည့် စစ်ဆင်မှုအယူအဆများကို စာဖတ်ပရိသတ်များလေ့လာမှတ်သားသိရှိနိုင်ဖို့အတွက် စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ် http://www.photayokeking.org မှတဆင့် တင်ပြလိုက်ရပါတယ်။ Read more of this post

ဗိုလ်မှူးချုပ်အောင်ကြီး၏ သမိုင်းအကျဉ်း

14 September 2012

တပ်မတော်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်မှူးချုပ်အောင်ကြီးအား ၁၉၁၉ ခုနှစ်တွင် ပေါင်းတည်မြို့၌ မွေး ဖွား ခဲ့ သည်။ ဗိုလ်မှူးချုပ်အောင်ကြီးသည် စစ်ဝန်ထမ်းတပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေရာမှ တပ်မတော်သို့ ပြောင်းရွှေ့ပြီး ၈-၂-၁၉၄၉ ရက်နေ့မှစ၍ ဗိုလ်မှူးကြီးအဆင့်ဖြင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တွဲဖက်ကာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၆-၂-၁၉၄၉ ရက်နေ့တွင် ဗိုလ်မှူးကြီးအဆင့်မှ ဒုတိယဗိုလ်မှူးကြီး အဆင့်သို့ လျှော့ချခံခဲ့ရသည်။ ၁၀-၁၀-၁၉၄၉ ရက်နေ့တွင် စစ်ဝန်ထမ်းဌာနချုပ်၏ ဌာနချုပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၇-၈-၁၉၅၀ ရက်နေ့တွင် စစ်ထောက်ချုပ်ရုံး၌ လက်ထောက်စစ်ထောက်ချုပ် တာဝန်ကို ထမ်းဆောင်နေရာမှ အမှတ် (၇) ခြေလျင် တပ်ရင်း၏ တပ်ရင်းမှူးအဖြစ် ၂၁-၇-၁၉၅၁ ရက်နေ့တွင် ပြောင်းလွှဲတာဝန်ပေးအပ်ခြင်းခံရပြီး ၎င်းတပ်ရင်း၏ တပ်ရင်းမှူး တာဝန်အပြင် ၂၁-၈-၁၉၅၁ ရက်နေ့မှစ၍ စစ်ရုံး၊ စစ်ဦးစီးဌာန၌ တွဲဖက်ရန် တာဝန်ပေး အပ်ခြင်းခံခဲ့ရသည်။ ၂၈-၁၁-၁၉၅၁ ရက်နေ့ မှစ၍ စစ်ရုံး၊ စစ်ဦးစီးဌာန၌ စစ်ဦးစီးမှူး (ပထမတန်း) အဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၁-၅-၁၉၅၃ ရက်နေ့တွင် ဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်အပ်ခြင်းခံခဲ့ရပြီး ၂၁-၅-၁၉၅၆ ရက်နေ့တွင် ၎င်း၏ မူလတာဝန်ဖြစ်သော စစ်ဦးစီး ဗိုလ်မှူးကြီး တာဝန် အပြင် လေ့ကျင့်ရေးညွှန်ကြားရေးမှူး တာဝန်ကိုပါ တွဲဖက် ထမ်းဆောင်ခဲ့ရသည်။ Read more of this post

ဗိုလ်မှူးကြီးကြည်မောင်၏ သမိုင်းအကျဉ်း

11 September 2012

ဗိုလ်မှူးကြီးကြည်မောင်ကို ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် အဖဦးဖိုးသိန်း၊ အမိဒေါ်ငွေခင် တို့မှ မွေးဖွားခဲ့ပါသည်။ ၁၉၃၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၁၉၃၈ ခုနှစ် တတိယ ကျောင်းသားသပိတ်တွင် ကျောင်းသား ခေါင်းဆောင်ဗိုလ်အောင်ကျော်နှင့်အတူ ဦးခေါင်းတွင် အရိုက်ခံခဲ့ ရပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူ တဦး ဖြစ်ပါသည်။။ ဗိုလ်အောင်ကျော် ဒဏ်ရာ ပြင်းထန်လွန်းသဖြင့် လဲကျသွားရာအချိန်မှ ကွယ်လွန်သည် အထိ အနီးကပ် ဖေးမပြုစုခဲ့သူလည်း ဖြစ်သည်။ ၁၉၄၁ ခုနှစ်တွင် ဘီအေ နောက်ဆုံးတန်းကို မဖြေဆိုတော့ပဲ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) တပ်ကို ၀င်ရောက်ကာ စစ်မှုထမ်း ခဲ့သည်။ ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်ထိ ဂျပန်နိုင်ငံ စစ်တက္ကသိုလ်တစ်ခုတွင် အပတ်စဉ် (၅၇) သင်တန်းပြီးဆုံးသည်ထိ သင်တန်းတက်ခဲ့သည်။ Read more of this post