သားလေးအတွက် အသက်ရှည်အောင်နေရမယ့် မေမေ့ရဲ့ဘဝ

ယမင်း(မြစ်မခ)
1 Oct, 2012

HIV/AIDS ရောဂါကြောင့် မိမိနေထိုင်သည့် နေအိမ်ကို မီးရှို့ဖျက်ဆီးခံရမည်လို့ မသီတာက တစ်ခါမှ မမျှော်လင့်ခဲ့ပါ။

အသက်(၂၉)နှစ်အရွယ် သူမမှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှ (၁၃) မိုင်အကွာရှိ မှန်လုံရွာ တွင် ရာသီပေါ် သီးနှံဖြစ် သည့် ပဲချွေ၊ မျှစ်ချိုးကာ မိသားစု ဝမ်းစာအတွက် နေ့စားအလုပ်လုပ်ကိုင် နေရသူ လည်း ဖြစ်သည်။ မှန်လုံရွာသားများ သူ့ကို ချစ်ခင်လေးစားကြသည်။ သူသည် ငယ်ရွယ်နုပျိုပြီး အလုပ် ကြမ်းတွင် သမာအာဇီဝလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည်။
Read more of this post

Advertisements

သမ္မတ ဦးသိန်းစိန် နဲ့ ဗွီအိုအေသီးသန့် တွေ့ဆုံ မေးမြန်းခန်း

ဦးသန်းလွင်ထွန်း

29.09.2012

သတင်းမီဒီယာတွေဟာ ကိုယ့်တိုင်းပြည်ရဲ့ သိသင့်တဲ့ ကိစ္စတွေကို ကြော်ငြာပေးရာ ရောက်တဲ့ အတွက် ကျေးဇူးတင်တယ်လို့ သမ္မတဦးသိန်းစိန်က ပြောလို က်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောဖို့ အမေရိကန် ပြည်ထောင်စုကို လာခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အပြီး ဗွီအိုအေ မြန်မာ ပိုင်းက သီးသန့် တွေ့ဆုံ မေးမြန်းခဲ့စဉ်မှာ ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ သမ္မတရဲ့ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက် မြို့မှာ တွေ့ဆုံခဲ့တဲ့ကိစ္စ၊ လွှတ်တော်နဲ့ ချိန်ခွင်လျှာညှိ အုပ်ချုပ်တဲ့နေရာမှာ တွေ့ရတဲ့ အခက်အခဲ၊ စီးပွားရေး အကျိုးအမြတ်တွေကို အခွင့်ထူးခံတွေပဲ မခံစားရအောင် ဘယ်လို ကာကွယ်မလဲ ဆိုတဲ့ အမေးတွေကို သမ္မတဦးသိန်းစိန်က ဖြေကြားခဲ့ပါတယ်။ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ သမ္မတဦးသိန်းစိန်တို့ သီးသန့် တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။
Read more of this post

ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ဒုတိယ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံခြင်း

“အစိုးရနဲ့ ဆွေးနွေးတဲ့အခါ တပ်တွေရွှေ့ဖို့ ကိစ္စတွေမှာ မဆုံးဖြတ် နိုင်ဘူး။ တပ်ကိစ္စတွေပါလာရင် ဆွေးနွေးလို့ မရတော့ဘူး။”

အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားနေသည်မှာ တစ်နှစ်နှင့် သုံးလ ကျော်ခဲ့ပြီ ဖြစ်သည်။ အပစ်အခတ် ရပ်စဲရေး အတွက် တွေ့ ဆုံ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ် နေသော်လည်း အဆင်မပြေသေးပေ။ လတ်တလော အနေအထားတွင်လည်း တိုက်ပွဲများ ပြင်းထန်လျက် ရှိနေသောကြောင့် ယင်းတိုက်ပွဲ အခြေအနေများနှင့် အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေရသည့် အခြေအနေများကို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင် အေ) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် The Voice Weekly တို့ တွေ့ဆုံ မေးမြန်း ခဲ့သည်များမှ ကောက်နုတ် ဖော်ပြ အပ်ပါသည်။ Read more of this post