ရွေးကောက်ပွဲဝင်လိုသော ဦးမိုးသီးဇွန် အခြေခံဥပဒေ ပြင်ရန် တောင်းဆို

ကိုကိုအောင်

စက်တင်ဘာလ ၁၉ ရက် ၂၀၁၂ ခုနှစ်

ပြည်တော်ပြန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန် က ပါတီသစ် တည်ထောင်၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသော ကြောင့်  ၎င်းအတွက် အခက်အခဲဖြစ်နေသည့် အခြေခံဥပဒေအား ပြင်ဆင်ပေးရန် တောင်းဆိုလိုက်သည်။

“ကျနော် နိုင်ငံရေးပဲ လုပ်မှာပါ။ လူမှုရေးအလုပ်တွေ မလုပ်ပါဘူး။ ပါတီထောင်မယ်၊ ရွေးကောက်ပွဲဝင်မယ်။ ဒါပေမယ့် အခြေခံဥပဒေက မြန်မာနိုင်ငံမှာ ၁ဝ နှစ် အနည်းဆုံး ဆက်တိုက်နေမှ ရွေးကောက်ပွဲ ဝင်ခွင့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် အခက်ကြုံနေရပါတယ်။ ဒါကို ပြင်ပေးဖို့ လိုတယ်။ ပြင်ပေးဖို့လည်း တောင်းဆိုပါတယ်” ဟု ဦးမိုးသီးဇွန် က ပြောသည်။ Read more of this post

သမ္မတဦးသိန်းစိန် အမေရိကန်ရဲ့တားမြစ် စာရင်းက ပယ်ဖျက်

19.09.2012

အမေရိကန် ပြည်ထောင်စုကို ရှေ့သီတင်းပတ်ထဲ ရောက်လာဖို့ ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အပါ အ၀င် အစိုးရ တာဝန်ရှိသူတချို့အပေါ် ပိတ်ပင် တားမြစ်ထားတာ ကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာန က ဖယ်ရှားပေးလိုက်ပါတယ်။ Read more of this post

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်လွှတ်တော်မှာ ဂုဏ်ပြုဆုလက်ခံ

ကိုသိန်းထိုက်ဦး
19.09.2012
ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ကွန်ဂရက်စ်လွှတ်တော်က အရပ်သားတွေကို ဂုဏ်ပြုပေး အပ်တဲ့ ဆုတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ Congressional Gold Medal ဆုကို   ဗုဒ္ဓဟူးနေ့တုန်းက လက်ခံရယူခဲ့ပါတယ်။ Capitol Hill လွှတ်တော် အဆောက်အအုံမှာလုပ်ခဲ့တဲ့ ဆုပေးပွဲအခမ်းအနား ကို အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းလွှတ်တော်အမတ်တွေအပြင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် သမ္မတဟောင်းကတော် လော်ရာဘုရှ်တို့ကလည်း တက်ရောက်ပြီးတော့ ချီးကျူးဂုဏ်ပြုစကားတွေကို ပြောခဲ့ကြပါတယ်။ ဒီ ကွန်ဂရက်စ် လွှတ်တော် အကြောင်း အပြည့်အစုံကိုတော့ ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ကိုသိန်းထိုက် ဦးက တင်ပြပေး ထားပါတယ်။ Read more of this post

သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ အမေရိကန်တားမြစ်စာရင်းက ပယ်ဖျက်

2012-09-19

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အမေရိ ကန် ဘဏ္ဍာရေးဌာနက မနေ့က ပယ်ဖျက်လို က်ပါတယ်။ တချိန်က စစ်အစိုးရ အဖွဲ့ဝင်တွေ ဖြစ်ခဲ့တဲ့ ဦးသိန်းစိန်နဲ့ သူရ ဦးရွှေ မန်းတို့ကို အထူးတလည် အရေးယူဖို့ သတ်မှတ်ထားတဲ့ နိုင်ငံသားများ စာရင်းကနေ ပယ်ဖျ က်လိုက်တယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာစွန့်လိုက်ပြီးချိန်ကစလို့ ၁၈ လအတွင်း ပြုပြင် ပြောင်းလဲရေးတွေ တွန်းအားပေး လုပ်ဆောင်တဲ့အတွက် နိုင်ငံတကာက ချီးကျူးသူနှစ်ဦးကို စာရင်းက ပယ်ဖျက် လိုက်တာလည်း ဖြစ်ပါတယ်။ Read more of this post

ရခိုင်ပြည်နယ် လယ်ယာမြေပြဿနာ စတင် စုံစမ်းစစ်ဆေးမည်

2012-09-18

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်း တာဝန်ပေးအပ်ထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင်အဖွဲ့ကို တိုင်ကြားလာတဲ့ ရခိုင်ပြည်နယ် အတွင်းက လယ်ယာမြေပြဿနာ အမှုတွေကို မနက်ဖြန် စက်တင်ဘာလ ၁၉ ရက်ကနေစပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီစုံစမ်း စစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး အဲဒီကော်မတီမှာ ပါဝင်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက RFA ကို အခုလို ပြော ပါတယ်။
Read more of this post

ကုလအကြံပေး ပုဂ္ဂိုလ် မြန်မာ ခရီးစဉ် အဆုံးသတ်

17.09.2012

မြန်မာနိုင်ငံကို စက်တင်ဘာလ ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ ၅ ရက်ကြာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ Vijay Nambiar ဟာ သူ့ရဲ့ ခရီးစဉ်ကို ဒီကနေ့ အဆုံးသတ်လိုက်ပါပြီ။ခရီးစဉ် အတွင်း မစ္စတာ နမ်ဘီယား ဟာ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေး ပု၈္ဂိုလ် တွေ အပြင်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်ချုပ် သိန်းဌေး၊ သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ပထမဆုံး အမျိုးသမီး ၀န်ကြီးဖြစ်တဲ့ ဒေါ်မြတ်မြတ်အုန်းခင်နဲ့ ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ Read more of this post

ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်ဒီစီကို ဆိုက်ရောက်

မခင်ဖြူထွေး

17.09.2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီကို ဒီကနေ့ မနက် ၁၁နာရီလောက်မှာ ရောက်ရှိလာပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဗွီအိုအေ မြန်မာပိုင်းကို အတည်ပြု ပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု အမေရိကန် ခရီးစဉ်ဟာ NLD ပါတီ အတွက် သာမက နိုင်ငံတခုလုံးအတွက် နိုင်ငံရေးအရ အကျိုးရှိတဲ့ ခရီးစဉ်တရပ်ဖြစ်ပြီး ရှေ့ လျှောက် မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးမှာ အခြေအနေကောင်းတွေ မြင်တွေ့ရဖို့ မျှော်လင့်နိုင်လိမ့်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရဲ့ နာယကပုဂ္ဂိုလ် တဦးဖြစ်တဲ့ ဦးတင်ဦးက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဦးတင်ဦးကို ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြော ပပေး ပါမယ်။ Read more of this post