ရှားခဲ ဘုံစားအင်းဒေသ၌ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အကူအညီရယူရန် တိုင်းဝန်ကြီးချုပ်မှာကြား

မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)
2 Oct, 2012

ပြဿနာများအကြိမ်ကြိမ်ဖြစ်ပွားခဲ့သည့် ရှားခဲကြီး/ရှားခဲလေးအင်းအား အများငါးရှာခွင့်ရှိသော ဘုံအင်းအဖြစ် သတ်မှတ် လိုက် သော်လည်း ဒေသတွင်း လုံခြုံမှုအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အကူအညီရယူရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်က ဆိုသည်။

ရှားခဲရွာသားများအနေဖြင့် အတူတူငါးဖမ်းလျှင်ပြဿနာများ ပိုမိုဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်နေသည့်အပေါ်တွင် တိုင်းဝန်ကြီးချုပ် က ပြောကြား လိုက်ခြင်း ဖြစ်သည်။
Read more of this post

ရွေးကောက်ပွဲဝင်လိုသော ဦးမိုးသီးဇွန် အခြေခံဥပဒေ ပြင်ရန် တောင်းဆို

ကိုကိုအောင်

စက်တင်ဘာလ ၁၉ ရက် ၂၀၁၂ ခုနှစ်

ပြည်တော်ပြန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန် က ပါတီသစ် တည်ထောင်၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသော ကြောင့်  ၎င်းအတွက် အခက်အခဲဖြစ်နေသည့် အခြေခံဥပဒေအား ပြင်ဆင်ပေးရန် တောင်းဆိုလိုက်သည်။

“ကျနော် နိုင်ငံရေးပဲ လုပ်မှာပါ။ လူမှုရေးအလုပ်တွေ မလုပ်ပါဘူး။ ပါတီထောင်မယ်၊ ရွေးကောက်ပွဲဝင်မယ်။ ဒါပေမယ့် အခြေခံဥပဒေက မြန်မာနိုင်ငံမှာ ၁ဝ နှစ် အနည်းဆုံး ဆက်တိုက်နေမှ ရွေးကောက်ပွဲ ဝင်ခွင့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် အခက်ကြုံနေရပါတယ်။ ဒါကို ပြင်ပေးဖို့ လိုတယ်။ ပြင်ပေးဖို့လည်း တောင်းဆိုပါတယ်” ဟု ဦးမိုးသီးဇွန် က ပြောသည်။ Read more of this post

သမ္မတဦးသိန်းစိန် အမေရိကန်ရဲ့တားမြစ် စာရင်းက ပယ်ဖျက်

19.09.2012

အမေရိကန် ပြည်ထောင်စုကို ရှေ့သီတင်းပတ်ထဲ ရောက်လာဖို့ ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အပါ အ၀င် အစိုးရ တာဝန်ရှိသူတချို့အပေါ် ပိတ်ပင် တားမြစ်ထားတာ ကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာန က ဖယ်ရှားပေးလိုက်ပါတယ်။ Read more of this post

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်လွှတ်တော်မှာ ဂုဏ်ပြုဆုလက်ခံ

ကိုသိန်းထိုက်ဦး
19.09.2012
ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ကွန်ဂရက်စ်လွှတ်တော်က အရပ်သားတွေကို ဂုဏ်ပြုပေး အပ်တဲ့ ဆုတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ Congressional Gold Medal ဆုကို   ဗုဒ္ဓဟူးနေ့တုန်းက လက်ခံရယူခဲ့ပါတယ်။ Capitol Hill လွှတ်တော် အဆောက်အအုံမှာလုပ်ခဲ့တဲ့ ဆုပေးပွဲအခမ်းအနား ကို အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းလွှတ်တော်အမတ်တွေအပြင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် သမ္မတဟောင်းကတော် လော်ရာဘုရှ်တို့ကလည်း တက်ရောက်ပြီးတော့ ချီးကျူးဂုဏ်ပြုစကားတွေကို ပြောခဲ့ကြပါတယ်။ ဒီ ကွန်ဂရက်စ် လွှတ်တော် အကြောင်း အပြည့်အစုံကိုတော့ ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ကိုသိန်းထိုက် ဦးက တင်ပြပေး ထားပါတယ်။ Read more of this post

သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ အမေရိကန်တားမြစ်စာရင်းက ပယ်ဖျက်

2012-09-19

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အမေရိ ကန် ဘဏ္ဍာရေးဌာနက မနေ့က ပယ်ဖျက်လို က်ပါတယ်။ တချိန်က စစ်အစိုးရ အဖွဲ့ဝင်တွေ ဖြစ်ခဲ့တဲ့ ဦးသိန်းစိန်နဲ့ သူရ ဦးရွှေ မန်းတို့ကို အထူးတလည် အရေးယူဖို့ သတ်မှတ်ထားတဲ့ နိုင်ငံသားများ စာရင်းကနေ ပယ်ဖျ က်လိုက်တယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာစွန့်လိုက်ပြီးချိန်ကစလို့ ၁၈ လအတွင်း ပြုပြင် ပြောင်းလဲရေးတွေ တွန်းအားပေး လုပ်ဆောင်တဲ့အတွက် နိုင်ငံတကာက ချီးကျူးသူနှစ်ဦးကို စာရင်းက ပယ်ဖျက် လိုက်တာလည်း ဖြစ်ပါတယ်။ Read more of this post

ရခိုင်ပြည်နယ် လယ်ယာမြေပြဿနာ စတင် စုံစမ်းစစ်ဆေးမည်

2012-09-18

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်း တာဝန်ပေးအပ်ထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင်အဖွဲ့ကို တိုင်ကြားလာတဲ့ ရခိုင်ပြည်နယ် အတွင်းက လယ်ယာမြေပြဿနာ အမှုတွေကို မနက်ဖြန် စက်တင်ဘာလ ၁၉ ရက်ကနေစပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီစုံစမ်း စစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး အဲဒီကော်မတီမှာ ပါဝင်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက RFA ကို အခုလို ပြော ပါတယ်။
Read more of this post

လာမည့်လွှတ်တော်တွင် ပြဋ္ဌာန်းရန်စဉ်းစားနေသည့် လွတ်လပ်သောငွေကြေးဥပဒေသစ်

မြတ်မိုးကျော်(မြစ်မခ)
19 Sep, 2012

မြန်မာနိုင်ငံဗဟိုဘဏ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ပြည်တွင်းတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံချိန်၌် နိုင်ငံခြားငွေလဲလှယ်နှုန်း များနှင့် ဘဏ်များတည်ငြိ မ်မှုရှိ စေရန်အတွက် လွတ်လပ်သော ငွေကြေးမူဝါဒတစ်ရပ်ကို လာမည့် ၂ဝ၁၃ နှစ်ဝက်ကာလတွင် ဖော်ဆောင်သွားရန် စီမံထားသည်။

လွှတ်တော်သည် ရှေ့လတွင် နိုင်ငံတောင်ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်နှင့် သီးခြားအမှီအခိုကင်းစွာ ရပ်တည်နိုင်မှုကို ချဲ့ထွင်ပေးမည့် ဥပဒေသစ် ပြဌာန်းထား ရန်လည်း စဉ်းစားနေသည်ဟု ဗဟိုဘဏ်ဒုဥက္ကဌ ဦးမောင်မောင်ဝင်းက ဘလွန်းဘာ့ဂ်သတင်းနှင့် အင်တာ ဗျူးတစ်ခုတွင် စက်တင်ဘာ (၁၄)ရက်နေ့တွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။ Read more of this post