မန္တလေး ဖယောင်းတိုင်ထွန်း ဆန္ဒပြသူများ တရားစွဲဆိုခံရ

နေမျိုး
အောက်တိုဘာလ ၀၈ ရက် ၂၀၁၂ ခုနှစ်

မန္တလေးမြို့ လျှပ်စစ်မီး လုံလောက်စွာရရှိရေးအတွက် မေလအတွင်းက ဖယောင်းတိုင် မီးထွန်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့ သူများအား ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ခွင့်ဆိုင်ရာ ဥပဒေဖြင့် ချမ်းအေး သာစံမြို့နယ်၊ အမှတ် ၈ ရဲစခန်းသို့ စနေနေ့က ခေါ်ယူခဲ့ကြောင်း သိရှိရသည်။

အဆိုပါနည်းဥပဒေမှာ ၎င်းတို့ ဆန္ဒပြစဉ်က အတည်ပြု မပြဋ္ဌာန်းရသေး၍ တရားမဝင်ကြောင်း စွပ်စွဲခံထားသူ မအမာနီ က ပြောသည်။
Read more of this post

Advertisements

ကိုင်းတန်းပျံကျဈေးသည် တရားမ၀င် စီတန်းလှည့်လည်မှုနှင့် တရားစွဲဆိုခံရ

2012-09-20

သြဂုတ်လ (၆) ရက်နေ့ ညက ကိုင်းတန်း ကုန်စိမ်းပျံကျဈေး ဆန္ဒပြမှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဈေးသည်အမျိုးသမီး သုံးဦးကို ချမ်းအေးသာစံ တရားရုံး က တရားမ၀င် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲဆို လိုက်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ စနေနေ့က အမှတ် (၃) ရဲစခန်းက သူတို့ကို ဆင့်ခေါ်ပြီး တရားစွဲခဲ့ပုံကို တရားစွဲခံရတဲ့ ဈေးသည် မနီနီအောင်က RFA ကို အခုလို ပြောပြပါတယ်။
Read more of this post

မြရည်နန္ဒာရပ်ကွက်မှ ကျူးကျော်နေအိမ်များအား စက်ယန္တယားများဖြင့် မန်းစည်ပင်က ဖယ်ရှား

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
18 Sep, 2012

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ မြေလွတ်မြေရိုင်းများ၌ သတ်မှတ်ရက်အတွင်း ဖယ်ရှားပေးခြင်းမရှိသည့်  ကျူးကျော်နေထိုင် သူများ၏ နေအိမ်များအား အင်အားသုံးပြီး စက်ယန္တရားများဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက စက်တင်ဘာ(၁၇)ရက်နေ့နံနက်မှစတင်ကာ ရှင်းလင်း ဆောင်ရွက်နေပြီဖြစ်သည်။

အဆိုပါ မြရည်နန္ဒာရပ်ကွက်မြေလွတ်မြေရိုင်းများ ပေါ်တွင်ကျူးကျော်ဝင်ရောက် နေထိုင်ကြသူများအနေဖြင့် စက်တင်ဘာ (၁၆) ရက် နောက်ဆုံးထားဖယ်ရှား ပေးရ န်မန္တလေးမြို့တော် စည်ပင်ကအကြောင်းကြားခဲ့ပြီး ထိုသို့ရှင်းလင်းမှုမပြုလုပ်မီ အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသည့် အတွက်ယခုကဲ့သို့ နေအိမ်အဆောက်အဦးများကို ရှင်းလင်းခြင်းဖြစ်ကြောင်းကိုလည်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက  သိရှိရသည်။ Read more of this post

မြရည်နန္ဒာရပ်ကွက် ကျူးကျော်နေအိမ် မြေထိုးစက်သုံးပြီး အဓမ္မဖယ်ရှား

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော်နေထိုင်သူတွေရဲ့ နေအိမ်တွေကို စည်ပင်၊ ရဲစတဲ့ ရာနဲ့ချီတဲ့ အာဏာပိုင်တွေက ဘူဒိုဇာမြေ ထိုးစက်တွေသုံးပြီး ဒီကနေ့ အဓမ္မဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

အင်အားသုံးပြီး အကြမ်းဖက် ဖယ်ရှားခဲ့တဲ့အတွက် ကျူးကျော်နေထိုင်သူတွေ အခြေအနေမဲ့ ဖြစ်သွားရပုံကို မျက်မြင်ဒေသခံတစ်ဦးက အခုလို ပြောပါ တယ်။
Read more of this post