ဖားကန့် လုံးခင်းတိုက်ပွဲ ကေအိုင်အေနှင့် မဆိုင်ကြောင်း ငြင်းဆို

ဝင့်သင်ဇာကျော် (မြစ်မခ)
10 Oct, 2012

၂၀၁၂ခုနှစ် အောက်တိုဘာ၉ ရက်နေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်ဖြစ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စုအနီးပွားခဲ့သော တိုက်ပွဲ မှာမြန်မာတပ်မတော်နှင့် ကေအိုင်အေတို့ ပစ်ခတ်ကြခြင်းမဟုတ်ဟု ကေအိုင်အေဘက်က ပြောကြားသည်။

“ကေအိုင်အေအဖွဲ့နဲ့ဖြစ်တာတော့ လုံးဝမဟုတ်ဘူး၊ ကျွန်တော်တို့ရွာကြားမှာ ပြည်သူလူထုရှိ တဲ့အိမ်ကြိုအိမ်ကြားလမ်းကြို လမ်းကြား မှာအများဖြတ်သန်းဖြတ်လာလုပ်တဲ့လမ်းမကြီးမှာဘယ်တော့မှမလုပ်ဘူး၊”ဟု ဖားကန့်ဒေသတွင် လှုပ်ရှားသည့် ကေအိုင်အေတပ်ရင်း(၆) ဗိုလ်ကြီးလဒွဲက ပြောသည်။
Read more of this post

Advertisements

ဖားကန့်ရှိ စစ်ပြေးဒုက္ခသည်တချို့ နေရပ်သို့ ပြန်

ဖနိဒါ
အောက်တိုဘာလ ၀၈ ရက် ၂၀၁၂ ခုနှစ်

အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ် KIA အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဖားကန့်မြို့အတွင်း ထွက်ပြေးတိမ်း ရှောင်နေသော စစ်ပြေး ဒုက္ခသည်အချို့ မိမိနေရပ်သို့ အောက်တိုဘ လဆန်းပိုင်းမှ စတင်၍ ပြန်နေကြပြီ ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိတော့၍ ဖားကန့်မြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည် ၈,ဝဝဝကျော်အနက် အချို့မှာ ပြန်သွားကြခြင်း ဖြစ်သည်။

“ကျနော်တို့ နမ်းဖိတ်စခန်းက စစ်ပြေးဒုက္ခသည် အိမ်ထောင် လေး ငါးခုလောက် ပြန်သွားပြီး မှော်ဝမ်းကြီးကလည်း တချို့ပြန် တယ်။ အပြီးပြန်တာတော့ မဟုတ်ဘူး။ တကယ်လို့ တိုက်ပွဲ ပြန်ဖြစ်လာပြီဆိုရင် ပြန်လာနေဖို့ လက်မှတ်ထိုး ထားကြတယ်” ဟု ကက်သလစ်အသင်းတော်မှ တရားဟောဆရာ နော်ဂျာ က ပြောသည်။
Read more of this post

ဖားကန့်ရှိ ကချင် စစ်ပြေး ဒုက္ခသည်များ နေရပ်ပြန်

သန်းထိုက်ဦး
October 8, 2012

ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာသော စစ်ပြေး ဒုက္ခသည်များသည် အောက်တိုဘာ လဆန်းပိုင်းမှ စတင် ၍ မူလ နေရပ်ရင်းများသို့ ပြန်နေကြပြီ ဖြစ်သည်။

ဖားကန့်မြို့ပေါ်တွင် ယာယီ ဒုက္ခသည် စခန်း ၂၃ နေရာခန့် ရှိပြီး အားလုံးနီးပါး ပြန်သွားကြကြောင်း ဖားကန့်မြို့နယ် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးဒါချီလစိုင်းက ဧရာဝတီသို့ ပြောသည်။

သြဂုတ်လ အတွင်း အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လူဦးရေ ၈၀၀၀ ခန့် ဖားကန့် မြို့ပေါ်ရှိ ခရစ်ယာန် ဘုရား ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် လူမှုကယ်ဆယ်ရေး စခန်းများသို့ တိမ်းရှောင်ခဲ့ကြ ကြောင်း လည်း ၎င်းက ပြောပြသည်။
Read more of this post

ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ဒုတိယ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံခြင်း

“အစိုးရနဲ့ ဆွေးနွေးတဲ့အခါ တပ်တွေရွှေ့ဖို့ ကိစ္စတွေမှာ မဆုံးဖြတ် နိုင်ဘူး။ တပ်ကိစ္စတွေပါလာရင် ဆွေးနွေးလို့ မရတော့ဘူး။”

အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားနေသည်မှာ တစ်နှစ်နှင့် သုံးလ ကျော်ခဲ့ပြီ ဖြစ်သည်။ အပစ်အခတ် ရပ်စဲရေး အတွက် တွေ့ ဆုံ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ် နေသော်လည်း အဆင်မပြေသေးပေ။ လတ်တလော အနေအထားတွင်လည်း တိုက်ပွဲများ ပြင်းထန်လျက် ရှိနေသောကြောင့် ယင်းတိုက်ပွဲ အခြေအနေများနှင့် အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေရသည့် အခြေအနေများကို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင် အေ) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် The Voice Weekly တို့ တွေ့ဆုံ မေးမြန်း ခဲ့သည်များမှ ကောက်နုတ် ဖော်ပြ အပ်ပါသည်။ Read more of this post

ဖားကန့်ဒေသ ငြိမ်းချမ်းရေးနဲ့ စိမ်းလန်းစိုပြည်ရေးအဖွဲ့ ဖွဲ့စည်း

2012-09-20

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဒေသခံ လူငယ်များက ငြိမ်းချမ်းရေးနဲ့ စိမ်းလန်းစိုပြည်ရေး အဖွဲ့ကို ဒီကနေ့ နေ့လည်ပိုင်းက ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ ဥရုချောင်းနဲ့ ဆက်စပ်နေတဲ့ သဘာဝပတ်ဝန်းကျင်ကို စနစ်တကျ ထိန်းသိမ်းနိုင်ဖို့အတွက် ဒေသခံလူငယ်များနဲ့ အခုလို ဖွဲ့စည်းလိုက်တာလို့ ဦးဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဝင်းက RFA ကို အခုလို ပြောပါတယ်။ Read more of this post

အစိုးရတပ်နှင့် ကေအိုင်အို တိုက်ပွဲဖြစ်ပွား

2012-09-20

ကေအိုင်အို လိုင်ဇာဌာနချုပ်နဲ့ ၇ မိုင်လောက်သာဝေးတဲ့ ဒေသမှာ ဒီလ ၁၈ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ကေအိုင်အို ဘက်က ပြောပါတယ်။

ဒီလ ၁၈ ရက်နေ့က ကေအိုင်အို တပ်မဟာ ၅ လက်အောက် တပ်ရင်း ၂၄ ဒေသမှာ အစိုးရရဲ့ မြောက်ပိုင်းတိုင်း လက်အောက် ခံတပ်နဲ့ ကေအိုင်အို တပ်တွေ တိုက်ပွဲဖြစ်ခဲ့တာကို ကေအိုင်အို ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပါတယ်။ Read more of this post

စရဖ နှင့် စစ်ကြောင်း၏ ညှဉ်းပန်းမှု သမ္မတထံ မိသားစု တိုင်ကြား

ဖနိဒါ
စက်တင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ဆက်သွယ်မှုဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော ကချင် စစ်ပြေးဒုက္ခသည် နှစ်ဦးအား အစိုးရ စစ်တပ်နှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ)တို့က မတရား ညှဉ်းပန်း နှိပ်စက်မှု၊ လူ့အခွင့်အရေး ချိုးဖောက် မှုတို့ကို ဖော်ထုတ် အရေးယူပေးရန် ကြာသပတေးနေ့ နံနက်က သမ္မတ ဦးသိန်းစိန် ထံ လိပ်မူ၍ မိသားစုဝင်များက တိုင်ကြား လိုက်သည်။

ဇွန် ၁၂ ရက်နေ့က မြစ်ကြီးနားမြို့ ခလရ ၃၇ ရှေ့တန်းစစ်ကြောင်း တပ်ဖွဲ့ဝင်များက တာလောကြီး ကျေးရွာတွင် ထိုနှစ်ဦး အား ဖမ်းဆီးခဲ့ပြီးနောက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ရှိ စရဖ မှ မတရား နှိပ်စက်သူများအား အရေးယူပေး ရန် တိုင်ကြားလိုက်ခြင်း ဖြစ်သည်။ Read more of this post