ကထစမှူးက တပ်တွင်း ဘာသာရေး၊ လူမျိုးရေးခွဲခြားဆက်ဆံမှု ပြသ

November 13th, 2012

နိုဝင်ဘာလ ၄ ရက်နေ့ကတည်းက ချင်းပြည်နယ်အတွင်း ရောက်ရှိနေသည့် ကာကွယ်ရေးဝန်ကြီး ဌာန၊ စစ်ဆင်ရေး အထူးအဖွဲ့(၁) ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် နိုဝင်ဘာ ၇ ရက်နေ့ ဟားခါး မြို့ရောက် ရှိစဉ်အတွင်း တပ်တွင်းကန့် တောပွဲတွင် ဗုဒ္ဒ နှင့် ခရစ်ယာန် ဘာသာဝင်များအပေါ် ခွဲခြားဆက်ဆံမှု ပြသလိုက်သည်ဟု သိရသည်။

ဖြစ်စဉ်မှာ ကထစမှူးသည် ဟားခါးမြို့ရောက်ရှိစဉ် တပ်တွင်း ဗုဒ္ဒဘာသာဝင်မိသားစုများက ကန့်တော့ ခဲ့သလို တပ်တွင်း ခရစ်ယာန်ဘာသာဝင်မိသားစုများကလည်း ကန့်တောပွဲပြုလုပ်ခဲ့ကြ ရာ ဗုဒ္ဒ ကျင့်ထုံးအတိုင်း လက်အုပ်ချီ ဦးညွတ်မကန့် တော့သည်ကို အင်မတန်ဒေါသထွက်ခဲ့သည်။ Read more of this post

Advertisements

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံများ ထပ်မံဆန္ဒပြ

2012-09-20

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်း ဆက်လက် လုပ်ဆောင်နေတဲ့ နေရာကို ကျေးရွာ (၁၀) ရွာက ဒေသခံ ၁,၀၀၀ နီးပါးလောက် ဒီကနေ့ သွားရောက်ပြီး တားမြစ်ဆန္ဒပြခဲ့ကြပါတယ်။

လယ်မြေသိမ်းခံထားရတဲ့ နေရာတွေမှာ လယ်သိမ်းခံ တောင်သူတွေက နှမ်းသီးနှံတွေ စိုက်ပျိုးနေတဲ့အတွက် ဆက်လက် မစိုက် ပျိုးနိုင်အောင် အဲဒီလယ်မြေတွေ အတွင်းကို ကုမ္ပဏီဘက်က ကျောက်တွေလာပုံတဲ့အတွက် ဒေသခံတောင်သူတွေက သွားရောက် တားမြစ်ကြတာ ဖြစ်တယ်လို့ ဆန္ဒပြ ဒေသခံတောင်သူ တစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။ Read more of this post

ကြေးနီစီမံကိန်း ရပ်တန့်ရန် ဆန္ဒပြရုံနှင့် မလုံလောက်ဟု လေ့လာရေးအစု ဆို

နေမျိုး
စက်တင်ဘာလ ၁၉ ရက် ၂၀၁၂ ခုနှစ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်၊ လက်ပန်တောင်းတောင်၊ ကြေးနီစီမံကိန်းမှာ ဧရာဝတီ မြစ်ဆုံစီမံကိန်းကဲ့သို့ အန္တရာယ်ကြီးပြီး ဦးပိုင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသည့်အတွက် ထိုစီမံကိန်း ရပ်တန့်ရန် ပြည်သူများနှင့်အတူ ကန့်ကွက်မည်ဟု ဦးမိုးသီးဇွန် တို့နှင့်အတူ လယ်မြေသိမ်းခံ ကျေးရွာများသို့ ကွင်းဆင်း လေ့လာနေသူ ကိုရဲလင်း က ပြောသည်။

စီမံကိန်းမှမှ ထွက်ရှိသည့် ဓါတုဗေဒစွန့်ပစ်ပစ္စည်းများအား ချင်းတွင်းမြစ်အတွင်း စွန့်ပစ်မှုကြောင့် တမျိုးသားလုံး ထိခိုက်လာမှာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။ Read more of this post