ရှားခဲအင်း လုံခြုံရေး စိတ်မချရသေး

သန့်စင်ငြိမ်းချမ်း
October 8, 2012

လူ ၃ ဦး သေဆုံးသည်အထိ ပဋိပက္ခများ ဖြစ်ပွားခဲ့သော ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ရှားခဲကျေးရွာသားများမှာ ပဋိပက္ခနောက်ပိုင်း ၎င်းတို့ အသက်အန္တရာယ် လုံခြုံရေး စိတ်မချသဖြင့် နေအိမ်များတွင် စုပေါင်းအိပ်စက်နေရကြောင်း သတင်း ရရှိသည်။

ကိုဝင်းနိုင် (ခေါ်) ကိုတရုတ်ကြီးအား သတ်ဖြတ်ခဲ့သူဟု ရွာသားများက စွပ်စွဲနေကြသည့် ဦးကျော်သိန်း (ခေါ်) ဖိုးလူဝ တို့အဖွဲ့ အား ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခြင်း မရှိသည့်အပြင် ယင်းအဖွဲ့က ရွာသားများအား ခြိမ်းခြောက်မှုများ ရှိနေသည့်အတွက် မိမိ တို့အိမ်တွင် မအိပ်ရဲဘဲ တခြားအိမ်များ၌ စုပေါင်း အိပ်စက်နေရသည်ဟု ရွာသားများက ပြောသည်။
Read more of this post

Advertisements

ဧရာဝတီရေတပ်စခန်းအဆောက်အဦးများဆောက်လုပ်ရန် ဒလမြို့နယ်မှလယ်သမားများအား အဓမ္မပြောင်းရွေ့ခိုင်း

ထက်အောင်ခန့် (မြစ်မခ)
by Myit Makha Mediagroup on 2 Oct, 2012

ဒလမြို့နယ် ခနောင်ရွာမနှင့် တုံးတင်ကန်မြောက်ကျေးရွာအုပ်စုမှ လယ်ဧက ၅၀၀ ပေါ်တွင် နေထိုင်သော လယ်သမားများအား ရေတပ်မှ ၂၀၁၃ နှစ်ဆန်းပိုင်း နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းကြောင်း လယ်သမားများက ဆိုသည်။

လယ်သမား (၄၄)ဦးပိုင် ၎င်းလယ်မြေများအား ဧရာဝတီရေတပ်စခန်းဋ္ဌာနချုပ်တပ်ပိုင်မှအဆောက်အဦးများ ပြန်လည် ဆောက် လုပ်မည်ဖြစ်သဖြင့် တပ်ပိုင်မြေပေါ် တွင် စပါးစိုက်ပျိုးခြင်း လယ်စောင့်တဲများနှင့် လူနေအိမ်များကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလကုန် ပိုင်းတွင် နောက်ဆုံးထားကာ အမြန်ဆုံးဖယ်ရှားခိုင်းခြင်းဖြစ်သည်။
Read more of this post