ကထစမှူးက တပ်တွင်း ဘာသာရေး၊ လူမျိုးရေးခွဲခြားဆက်ဆံမှု ပြသ

November 13th, 2012

နိုဝင်ဘာလ ၄ ရက်နေ့ကတည်းက ချင်းပြည်နယ်အတွင်း ရောက်ရှိနေသည့် ကာကွယ်ရေးဝန်ကြီး ဌာန၊ စစ်ဆင်ရေး အထူးအဖွဲ့(၁) ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် နိုဝင်ဘာ ၇ ရက်နေ့ ဟားခါး မြို့ရောက် ရှိစဉ်အတွင်း တပ်တွင်းကန့် တောပွဲတွင် ဗုဒ္ဒ နှင့် ခရစ်ယာန် ဘာသာဝင်များအပေါ် ခွဲခြားဆက်ဆံမှု ပြသလိုက်သည်ဟု သိရသည်။

ဖြစ်စဉ်မှာ ကထစမှူးသည် ဟားခါးမြို့ရောက်ရှိစဉ် တပ်တွင်း ဗုဒ္ဒဘာသာဝင်မိသားစုများက ကန့်တော့ ခဲ့သလို တပ်တွင်း ခရစ်ယာန်ဘာသာဝင်မိသားစုများကလည်း ကန့်တောပွဲပြုလုပ်ခဲ့ကြ ရာ ဗုဒ္ဒ ကျင့်ထုံးအတိုင်း လက်အုပ်ချီ ဦးညွတ်မကန့် တော့သည်ကို အင်မတန်ဒေါသထွက်ခဲ့သည်။ Read more of this post

ဖားကန့် လုံးခင်းတိုက်ပွဲ ကေအိုင်အေနှင့် မဆိုင်ကြောင်း ငြင်းဆို

ဝင့်သင်ဇာကျော် (မြစ်မခ)
10 Oct, 2012

၂၀၁၂ခုနှစ် အောက်တိုဘာ၉ ရက်နေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်ဖြစ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စုအနီးပွားခဲ့သော တိုက်ပွဲ မှာမြန်မာတပ်မတော်နှင့် ကေအိုင်အေတို့ ပစ်ခတ်ကြခြင်းမဟုတ်ဟု ကေအိုင်အေဘက်က ပြောကြားသည်။

“ကေအိုင်အေအဖွဲ့နဲ့ဖြစ်တာတော့ လုံးဝမဟုတ်ဘူး၊ ကျွန်တော်တို့ရွာကြားမှာ ပြည်သူလူထုရှိ တဲ့အိမ်ကြိုအိမ်ကြားလမ်းကြို လမ်းကြား မှာအများဖြတ်သန်းဖြတ်လာလုပ်တဲ့လမ်းမကြီးမှာဘယ်တော့မှမလုပ်ဘူး၊”ဟု ဖားကန့်ဒေသတွင် လှုပ်ရှားသည့် ကေအိုင်အေတပ်ရင်း(၆) ဗိုလ်ကြီးလဒွဲက ပြောသည်။
Read more of this post

သမ္မတကို ထောက်ခံ၊ OIC ရုံးအား ကန့်ကွက်ခဲ့သည့် စစ်တွေ ဆန္ဒထုတ်ဖော်ပွဲ

ထွန်းနေအောင်(မြစ်မခ)
9 Oct, 2012

အောက်တိုဘာလ(၉)ရက်နေ့ နေ့လည်(၂း၀၀)နာရီဝန်းကျင်က OIC ရုံး လာရောက်ဖွင့်လှစ်မည်ကို မကျေနပ်၍ ရခိုင်ပြည်နယ် စစ်တွေမှ ရဟန်းရှင်လူပြည်သူများ ပူးပေါင်းကာ ဘင်္ဂလားဒေရှ့်ကောင်စစ် ၀န်ရုံးရှေ့တွင်ဆန္ဒထုတ်ဖော်မှုတစ်ရပ်   ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ရဟန်းသံဃာတော်(၃၀၀၀)ထောင်ကျော်၊ ပြည်သူပရိသတ် သောင်းဂဏန်းပါဝင်ခဲ့ပြီး စစ်တွေမြို့ရှိ အောင်မြေဘော လုံးကွင်းမှ စတင်ထွက်ခွာခဲ့ခြင်းဖြစ်သည်။
Read more of this post

မန္တလေး ဖယောင်းတိုင်ထွန်း ဆန္ဒပြသူများ တရားစွဲဆိုခံရ

နေမျိုး
အောက်တိုဘာလ ၀၈ ရက် ၂၀၁၂ ခုနှစ်

မန္တလေးမြို့ လျှပ်စစ်မီး လုံလောက်စွာရရှိရေးအတွက် မေလအတွင်းက ဖယောင်းတိုင် မီးထွန်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့ သူများအား ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ခွင့်ဆိုင်ရာ ဥပဒေဖြင့် ချမ်းအေး သာစံမြို့နယ်၊ အမှတ် ၈ ရဲစခန်းသို့ စနေနေ့က ခေါ်ယူခဲ့ကြောင်း သိရှိရသည်။

အဆိုပါနည်းဥပဒေမှာ ၎င်းတို့ ဆန္ဒပြစဉ်က အတည်ပြု မပြဋ္ဌာန်းရသေး၍ တရားမဝင်ကြောင်း စွပ်စွဲခံထားသူ မအမာနီ က ပြောသည်။
Read more of this post

လက်တုန့်ပြန်မှု မပြုသင့်ကြောင်း ရခိုင်တိုင်းရင်းသား ဝန်ကြီးပြော

မေသဇင်
အောက်တိုဘာလ ၀၈ ရက် ၂၀၁၂ ခုနှစ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းရှိ ဗုဒ္ဓသာသနိက အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သော ဖြစ်ရပ်အတွက် မြန်မာနိုင်ငံမှ ရဟန်း သံဃာနှင့် လူပုဂ္ဂိုလ်များက ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဆန္ဒပြပွဲ များ ထပ်မံဖြစ်ပွားနေရာ ဘာသာရေး၊ လူမျိုးရေး လက်စားချေမှုများကိုမူ မပြုသင့်ကြောင်း ရန်ကုန်တိုင်းရှိ ရခိုင် တိုင်း ရင်းသား ဝန်ကြီး ဦးဇော်အေးမောင် က ပြောဆိုလိုက်သည်။

“ဘင်္ဂလားဒေရှ်မှာ ဖြစ်သွားတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး အထူးဝမ်းနည်းပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့လည်း ဒီကိစ္စနဲ့ ပတ်သတ် လို့ တတ်နိုင်သလောက် လုပ်ပေး နေတာတွေ ရှိပါတယ်။ ခုလိုဆန္ဒပြတာက International pressure (နိုင်ငံတကာ ဖိအား) ဖြစ်စေတာပေါ့။ သူတို့လည်း ဒီမိုကရေစီနိုင်ငံပဲလေ။ ကျနော့် အနေနဲ့ ဆန္ဒပြသူတွေကို ဥပဒေဘောင်တွင်းကတော့ လုပ် စေချင်တယ်။ ပြီးတော့ ဒီကိစ္စကို ဒီလောက်နဲ့ ပြီးသွားစေချင်တယ်။ လက်စားချေတာက ၂၁ ရာစုမှာ မရှိတော့ ပါဘူး” ဟု ဝန်ကြီး က ဆိုသည်။
Read more of this post

ဖားကန့်ရှိ စစ်ပြေးဒုက္ခသည်တချို့ နေရပ်သို့ ပြန်

ဖနိဒါ
အောက်တိုဘာလ ၀၈ ရက် ၂၀၁၂ ခုနှစ်

အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ် KIA အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဖားကန့်မြို့အတွင်း ထွက်ပြေးတိမ်း ရှောင်နေသော စစ်ပြေး ဒုက္ခသည်အချို့ မိမိနေရပ်သို့ အောက်တိုဘ လဆန်းပိုင်းမှ စတင်၍ ပြန်နေကြပြီ ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိတော့၍ ဖားကန့်မြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည် ၈,ဝဝဝကျော်အနက် အချို့မှာ ပြန်သွားကြခြင်း ဖြစ်သည်။

“ကျနော်တို့ နမ်းဖိတ်စခန်းက စစ်ပြေးဒုက္ခသည် အိမ်ထောင် လေး ငါးခုလောက် ပြန်သွားပြီး မှော်ဝမ်းကြီးကလည်း တချို့ပြန် တယ်။ အပြီးပြန်တာတော့ မဟုတ်ဘူး။ တကယ်လို့ တိုက်ပွဲ ပြန်ဖြစ်လာပြီဆိုရင် ပြန်လာနေဖို့ လက်မှတ်ထိုး ထားကြတယ်” ဟု ကက်သလစ်အသင်းတော်မှ တရားဟောဆရာ နော်ဂျာ က ပြောသည်။
Read more of this post

ရှားခဲအင်း လုံခြုံရေး စိတ်မချရသေး

သန့်စင်ငြိမ်းချမ်း
October 8, 2012

လူ ၃ ဦး သေဆုံးသည်အထိ ပဋိပက္ခများ ဖြစ်ပွားခဲ့သော ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ရှားခဲကျေးရွာသားများမှာ ပဋိပက္ခနောက်ပိုင်း ၎င်းတို့ အသက်အန္တရာယ် လုံခြုံရေး စိတ်မချသဖြင့် နေအိမ်များတွင် စုပေါင်းအိပ်စက်နေရကြောင်း သတင်း ရရှိသည်။

ကိုဝင်းနိုင် (ခေါ်) ကိုတရုတ်ကြီးအား သတ်ဖြတ်ခဲ့သူဟု ရွာသားများက စွပ်စွဲနေကြသည့် ဦးကျော်သိန်း (ခေါ်) ဖိုးလူဝ တို့အဖွဲ့ အား ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခြင်း မရှိသည့်အပြင် ယင်းအဖွဲ့က ရွာသားများအား ခြိမ်းခြောက်မှုများ ရှိနေသည့်အတွက် မိမိ တို့အိမ်တွင် မအိပ်ရဲဘဲ တခြားအိမ်များ၌ စုပေါင်း အိပ်စက်နေရသည်ဟု ရွာသားများက ပြောသည်။
Read more of this post