စော်ဘွားအဆက်ဆက်နှင့် ၄င်းတို့၏ လုပ်ဆောင်ချက်များ

မင်းတုန်းမင်းတရားလက်ထက် “ခွန်ကျန်” ပုန်ကန်ထကြွသောကြောင့် ရာထားမှချပြီး “ အောင်ဆာ” ကို စော်ဘွားခန့်ထားလေသည်၊ စော်ဘွားရာထူးကျ “ခွန်ကျန်”သည် မန္တလေး၌အချုပ်ခံနေရစဉ် ကွယ်လွန်အနိစ္စရောက်လေသည်။ သက္ကရာဇ် ၁၂၃ဝ ပြည့်နှစ်၌ အောင်ဆာကို “ခွန်ကွန်း”က လုပ်ကြံ၍ စော်ဘွားရာထူးကိုလုယူပြီး မြန်မာဘုရင်ကို ပဏ္ဏာတော်များ နှစ်စဉ်ဆက်သွင်း၍ သင့်တင့်စွာအုပ်ချုပ်ကြပါသည်။
သက္ကရာဇ် ၁၂၃၉ခုနှစ် ၌ “ ခွန်ကွန်း”ကွန်လွန်၍ နောင်တော် “ခွန်ခမ်းမိန်” စော်ဘွားအဖြစ်ဆက်ခံရာ မြန်မာဘုရင်က နောင်အခါတွင် မြို့ရွာနယ်ပယ်အရေး မရှုပ်ထွေး စေရန်အတွက် စစ်ကဲကြီး ဦးဖဲနှင့် စော်ဘွားဆွေတော်မျိုးတော်ထဲမှ သုဓမ္မဆရာတော် ပလောင်ဘုန်းတော်ကြီးတပါးကို တွဲဖက်အုပ်ချုပ်စေလေသည်။

မြန်မာဘုရင်က တောင်ပိုင်နယ်ကို တွဲဖက်အုပ်ချုပ်စေသည်မှာ စော်ဘွားကြီး “ခွန်ခမ်းမိန်း” လက်ထက်သည် ပထမဆုံးအကြိမ် ဖြစ်လေ၏။

၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့ မြန်မာတစ်နိုင်ငံလုံးကို ဗြိတိသျှတို့သိမ်းယူပြီးနောက်ပိုင် ၁၂၄၉ခုနှစ် တပေါင်းလ၌ ကာနယ် စလေတငိိ်

( Mr. Berzet) အစရှိသော ဗြိတိသျှစစ်ဗိုလ်ကြီးများကွပ်ကဲ၍ အင်္ဂလိပ်စစ်တပ်များချီတက်စေပြီး ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေနယ် “မိုင်းသောက်”မြို့တွင် စစ်စခန်းချ၍ စော်ဘွားမြို့စား ငွေခွန်တော်မှူးတို့အား ဗြိတိသျှ အလံတော်အောက်ဝင်ရောက်ရန် သစ္စာရည်သောက်ခိုင်းသောအခါ၊ ဓခွန်ခမ်းမိန်းဓသည် သစ္စာတော်ရေ လာရောက်သောက်ခြင်း မပြုသည်သာမက ငါတို့အရှင် မြန်မာဘုရင်နှင့် ထီးနန်းကိုပြန်လည်တိုက်ယူမည်ဟူသော စိတ်ဓါတ်နှင့် တောင်ပိုင်နယ်သို့ချီ တက်လာသော ဗြိတိသျှစစ်တပ်ကို ဆီးကြို ခုခံတိုက်ခိုက်လေသည်၊ သို့ရာတွင် အရေးမသာ၍ တိမ်းရှောင်ကြလိုက်ရသည်။

သားတော် “ခွန်ခမ်းတန်မိန်း”က အရေးပြီးပြေအောင် ဆောင်ရွက်သောကြောင့် ဗြိတိသျှတို့ကလည်း လိုက်လျှောကာ တိုက်ပွဲကိုရပ်စဲပြီး ခွန်းခမ်း တန်မိန်းကိုပင် စော်ဘွားအရာ ပြန်လည်ခန့်အပ်လေသည်။

အာဇာနည်စော်ဘွားကြီး “ခွန်ခမ်းမိန်”သည် စော်ဘွားအဖြစ်ပင် သာသနာ့ဘောင်အတွင်းဝင်ရောက်ကာ အသက်ဆုံးသည်အထိ နေထိုင်သွားပါသည်။ ၁၂၅၈ခုနှစ် “ ခွန်ခမ်းတန်မိန်း”ကွယ်လွန်၍ သားတော် “ခွန်ဆင်အွမ်” စော်ဘွားရားထူးအား ဆက်ခံလေသည်။ ၄င်းစော်ဘွားကြီးလက်ထက်တွင် ယခင်အချိန်က လားဝန်တင်၊ နွားဝန်တင်များနှင့် ကူးလူးဆက်ဆံ သွားလာရောင်းဝယ်နေရသော သီပေါနယ်၊ ကျောက်မဲမြို့နှင့် နမ့်ဆန်မြို့နယ်ကို မော်တော်ကားလမ်း စတင်ဖောက်လုပ်စေလေသည်။

၁၉၁၂ခုနှစ် နှစ်ဦးပိုင်းတွင် စတင်ဖောက်လုပ်ရာ ၁၉၂၄ခုနှစ်၌ အောင်မြင်ပြီးစီး၍ မော်တော်ကားများ စတင်သွားလာကြသည်။  ပညာရေးကို အထူးအားပေး တော်မူသည့်အလျောက် မြန်မာဘာသာအလယ်တန်းကျောင်း ဖွင့်လှစ်ရန်ကြိုးစားရာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပေသည်။ ဗြိတိသျှအစိုးရက စော်ဘွားကြီးအား ကြက်သရေဆောင် ရွှေစလွယ်ရမင်း ဘွဲ့တံဆိပ်ကို ချီးမြ‡င့်လေသည်။ စော်ဘွားကြီး “ခွန်အင်အွမ်”သည် ပလောင်အမျိုးသမီး မဟာဒေဝီအပြင် မန္တလေးမြို့သူ မြန်အမျိုးသမီး ဒေါ်ညွန့်နှင့် ဒေါ်ခင်သက်(ခေါ်)ဒေါ်ခင်ခင်တို့ ညီအစ်မအား မင်္ဂလာဒေဝီ၊ ရတာနာဒေဝီ တင်မြှောက်ရာ ၄င်းတို့မှ မွေးဖွားလာသော သားသမီး၊ မြေး၊ မြစ်များ တောင်ပိုင်နယ်တွင် များစွာရှိလေသည်။

၁၂၈၉ခုနှစ် “ခွန်ဆင်အွမ်” ကွယ်လွန်၍ ပလောင်မဟာဒေဝီမှ ဖွားမြင်သော သားတော် “ခွန်ပန်းစိန်” စော်ဘွားရာထူးကို ဆက်ခံလေသည်။ ၄င်းလက်ထက်စော်ဘွားကြီး “ခွန်ဆင်အွမ်” ကြိုးစားဆောင်ရွက်ခဲ့သော မြန်မာဘာသာသင် အလယ်တန်းကျောင်းကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် အလယ်တန်းကျောင်းအဖြစ်သို့ ရောက်ရှိ အောင် ကြိုးစားဆောင်ရွက်ရာ အောင်မြင်ခဲ့ပြီး ၁၉၅၉ခုနှစ်တွင် အလယ်တန်းကျောင်းမှ အထက်တန်းကျောင်းအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။ ဆရာ (၆ယောက်)နှင့် ဆရာမ (၆ယောက်)ဖြင့် သင်ကြားပို့ချလျက်ရှိရာ ယခုအခါ ကျောင်းသားဦးရေမှာ (၈ဝဝကျော်)မျှ ရှိပေသည်။ တက္ကသိုလ်ဝင်ကျောင်သားဦးရေ ခန့်မှန်း ခြေ (၁၆ယောက်)ရှိသည်ဟု သိရရှိရပါသည်။

စော်ဘွားကြီး ခွန်ပန်းစိန်လက်ထက် ပညာရေးနှင့်ပတ်သက်၍ တောင်ပိုင်နယ်တွင် မူလတန်းကျောင်းပေါင်း ၂၇ကျောင်း ဖွင့်လှစ်စေ၍ ပညာသင်ကြားပေးနေ သည့်အပြင် အချို့ရပ်ရွာများ၌ အစိုးရအထောက်အပံ့ ချက်ချင်းမရသေမှီ ရပ်ရွာက တည်ထောင်သောကျောင်းနှင့် ဆရာ၊ ဆရာမတို့၏လစာကို ရပ်ရွာပညာပါရမီအဖြစ် ပေးနေသောကျောင်းပေါင်း (၁ဝကျောင်း)မျှ ရှိပေသည်။

အစိုးရ အသိအမှတ်ပြုသော ကျောင်းများပင်ဖြစ်သော်လည်း ကျောင်းသားဦးရေများ၍ ဆရာ၊ဆရာမ မလုံလောက်သောကြောင့် သက်ဆိုင်ရာ ရပ်ရွာကော်မတီများက ရပ်ရွာပညာရေးရံပုံငွေဖြင့် ဆရာ၊ဆရာမပေါင်း အယောက်(၂ဝကျော်)မျှ ရှာဖွေငှားရမ်းထားရလေသည်။

၎င်းစော်ဘွားကြီးလက်ထက် နမ့်ဆန်မြို့မှ ၃၁မိုင်ဝေးသော သီပေါ-နမ္မတူ မော်တော်ကားလမ်းရှိ “ ပန်လုံ” မြို့ကို မော်တော်ကားလမ်း ဖောက်လုပ်စေ၍ ကုန်သည်များ ကူးလူးဆက်ဆံ ရောင်းဝယ်နိုင်ရန်အတွက် လမ်းဖွင့်ပေးလေသည်။ ပန်လုံမှ သီပေါသို့ ၁၈မိုင် ဝေးရာ သီပေါနှင့် နမ့်ဆန် ၄၉မိုင်ဝေးသည်။

မယ်တို့ပလောင်စာအုပ်မှ ကိုးကားရေးသားထားပါသည်။

http://www.palaungwomen.com/index.php?option=com_content&view=article&id=85:2010-06-15-08-59-58&catid=2:palaung-history&Itemid=4

Advertisements

About myanmararmy
ဒီဆိုက်ဟာ မြန်မာ့တပ်မတော် ခေတ်မှီလာအောင် ဘယ်လို ဆောင်ရွက်သလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုက်လုပ်လိုက်တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: