ဦးအေးသာအောင်နှင့် နယူးယောက်မြို့ ရခိုင်မိသားစု တွေ့ဆုံ

01 October 2012

စက်တင်ဘာ (၃၀) ရက်နေ့က ရခိုင့်ခေါင်းဆောင် ဦးအေးသာအောင်နှင့် နယူးယောက်မြို့ရှိ ရခိုင်မိသားစုများနှင့် တွေ့ဆုံပွဲ အခမ်းအနားတရပ်ကို ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။ ထိုအခမ်းအနားတွင် ဒေါက်တာ အသျှင်နာယကမှ တက်ရောက်လာ သူများအား ဦးအေးသာအောင်နှင့် မိတ်ဆက်ပေးရာတွင် ” တကာကြီး ဦးအေးသာအောင်ဟာ ရခိုင်လူမျိုးတစ်ခုတည်းအတွက်သာ လုပ်နေခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ တန်းတူအခွင့်အရေးနှင့် စစ်မှန်တဲ့ ဖက် ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် လုပ်နေတာဖြစ်ကြောင်း။ ” အဖွင့်အမှာစကား ပြောကြားသွားသည်။

ဦးအေးသာအောင်မှလည်း နိုင်ငံတကာတွင်ရောက်ရှိနေကြသည့် ရခိုင်လူမျိုးများအနေဖြင့် မိမိတို့ရောက်ရှိနေကြသည့် နေရာဒေသ အသီးသီးတွင် အသိပညာ အတတ်ပညာများကို အလေ့လာသင်ယူဆည်းပူးကြရန်လိုကြောင်း “ဘယ်တိုင်းပြည်တွေကိုပဲ ရောက်နေ ပါစေ ရခိုင်လူမျိုးတွေ၊ အထူးသဖြင့် လူလတ်ပိုင်းနှင့် လူငယ်တွေကို ပညာသင်ကြပါလို့ တိုက်တွန်းချင်တယ်။ ပြီးတော့ ကိုယ်တတ် ထားတဲ့ အတတ်ပညာတွေနဲ့ ရခိုင့်အသိုင်းအ၀ိုင်းအတွက် တတ်နိုင် သလောက် အကျိုးပြုလုပ်ငန်းတွေကို ပြန်လုပ်ကြပါ။ “ဟု ရခိုင် ခေါင်းဆောင် ဦးအေးသာအောင်က တိုက်တွန်းလိုက်သည်။

ဆက်လက်၍ တက်ရောက်လာသော ပရိသတ်များကို လက်ရှိမြန်မာနိုင်ငံရေးအခြေအနေနှင့် တိုင်းရင်သားများ၏ တန်းတူရေးနှင့် အခွင့်အရေး၊ ရခိုင်ပြည်လ က်ရှိဖြစ်ပျက်နေသော အခြေအနေများကို အကျယ်တ၀င့် ပြောကြားခဲ့ပါသည်။ ယနေ့မြန်မာနိုင်ငံသည် အလှည့်အပြောင်းကာလတစ်ခုကို ရောက် နေေ သ်ာလည်း တိုင်းရင်းသားတို့၏ ရပိုင်ခွင့်နှင့် တန်းတူရေးမရှိသေးကြောင်း၊ မြန်မာ အစိုးရသည် ပြည်တွင်းစစ်ကို အခုထိမရပ်နိုင်သေး၍ နှစ်ပေါင်း (၆၀)လုံးလုံး တိုင်းပြည်ဆင်းရဲမွဲတည်ခဲ့ရကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားဒေသပြည်နယ်များတွင်ဖြစ်ကြောင်း၊ ယနေ့ရခိုင်ပြည်တွင် ဖြစ်ပျက်နေသော လူမျိုးခြားပြဿနာမှာမြန်မာနိုင်ငံရေး ပြဿနာမဟုတ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ပြဿနာသာဖြစ်၍ ကုလကိုယ်စားလှယ် သောမ(စ်)ကင်တားနားလာစဉ်က ပြောကြား ခဲ့ ကြောင်း၊ ဘင်္ဂလီ-ရခိုင်ပြဿနာကို နှစ်ပေါင်းများစွာကတည်းက အစိုးရကို စာဖြင့်အကြိမ်အကြိမ် အကြောင်းကြားခဲ့သော်လည်း လစ်လျူရှုခဲ့ကြကြောင်း၊ ပြင်သစ်သံအမတ်ကြီးနှင့်တွေ့စဉ် ရခိုင်ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဟု မေးစဉ် သမ္မတကြီး လမ်းစဉ် ကိုထောက်ခံကြောင်း၊ သမ္မတ ဦးသိန်းစိန် အားလည်း လူမျိုးခြားပြဿနာကိုတိကျစွာဖြေရှင်းပါ၊ သမ္မတနောက်တွင် တိုင်ရင်းသား ပြည်သူတစ်ရပ်လုံးရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ တက်ရောက်လာသူတစ်ဦးဖြစ်သူ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဦးထွန်းဝင်း (BA ဓမ္မာစရိယ)ကလည်း ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသည့် ရခိုင် လူငယ်များအနေဖြင့် ပညာရေးကို အဓိကထား ပညာယူကြရန်၊ တတ်ထားသည့်ပညာရပ်များကိုလည်း ကိုယ့်နေရာ ကိုယ့်လူမျိုး များ အတွက် တစ်စွမ်းတစ်စ ပြန်လည်အသုံးချကြရန် ပြောကြား သွား သည်။

အခမ်းအနားသို့ တက်ရောက်လာသူတစ်ဦးဖြစ်သူ ကိုဇော်ဇော်ထွန်းမှ  ပြည်တွင်းပြည်ပ ခေတ်ပညာတတ်သူတွေအနေနဲ့ မိမိတို့ ရခိုင်လူ့အဖွဲ့အစည်းကို တိုးတက်စေချင်တဲ့ ဆန္ဒအပေါ်မူတည်ကြောင်း၊ အထူးသဖြင့်ခေတ်ပညာတတ်တွေအနေဖြင့် မလုံမခြုံသေးတဲ့ ရခိုင်ပြည်ဖွံ့ဖြိုးဖို့အတွက် တတ်ထားတဲ့ အတတ်ပညာ တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းသွားသည်။

အခမ်းအနားသို့ လူဦးရေ (၁၀၀)ကျော်ခန့် တက်ရောက်ပြီး အခမ်းအနားကို ညနေ (၄)နာရီခန့်တွင် ပြီးဆုံးသွားကြောင်း သတင်း ရရှိသည်။ ဦးအေးသာ အောင်သည် ယူတီကာမြို့ရှိ ရခိုင်မိသားစုများနှင့်လည်း အောက်တိုဘာလ (၁)ရက်နေ့တွင် တွေ့ဆုံရန်ရှိကြောင်း သိရှိရသည်။

http://arakantimes.net/burmese/index.php/2012-02-24-06-58-57/500-2012-10-01-02-05-00

Advertisements

About myanmararmy
ဒီဆိုက်ဟာ မြန်မာ့တပ်မတော် ခေတ်မှီလာအောင် ဘယ်လို ဆောင်ရွက်သလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုက်လုပ်လိုက်တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: